ညဘက် အိပ်မပျော်ခြင်းက ရက်တွေ ကြာလာတဲ့ အခါ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။ ယောက်ျားလေးတွေရဲ့ ရ၅% က ညဘက် အိပ်ချိန်တွေ အရမ်း နောက်ကျတတ်ကြပါတယ်။ တစ်ချို့ မိန်းကလေး တွေမှာလည်း အလုပ်ကြောင့်ပဲဖြစ်ဖြစ်၊ အခြားသော စိတ်ဖိစီးမှုကြောင့်ပဲဖြစ်ဖြစ် အိပ်မပျော်တာမျိုးတွေ ရှိတတ်ပါတယ်။ အိပ်ခါနီးမှာ ဖုန်းသုံးခြင်းကလည်း ညဘက် အိပ်စက်ခြင်းကို ထိခိုက်စေနိုင်ပါတယ်။

အိပ်မပျော်ဘူး၊ အိပ်ရေးပျက်တယ်ဆိုတာက တစ်ညလုံးမအိပ်ဘဲ နေတာမျိုး မဟုတ်ဘဲ အိပ်ပျော်သွားလိုက်၊ နိုးလာလိုက်နဲ့ တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက်မအိပ်ရတာမျိုးလည်း ဖြစ်ပါတယ်။ အိပ်ရေးဝဝ မအိပ်စက်ရခြင်းက ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ထိခိုက်စေပါတယ်။ ဒီလိုမဖြစ်ရလေအောင် နှစ်ခြိုက်စွာ အိပ်မောကျချင်ကြတဲ့ သူတွေအတွက် နည်းလမ်းကောင်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

ပျားရည် စားပွဲတင်ဇွန်း ၁/၄ ၊ ဆား စားပွဲတင်ဇွန်း ၁/၈၊ အုန်းဆီစားပွဲတင်ဇွန်း ၁ ဇွန်း တို့ကို ရောပြီး သောက်နိုင်သလို ၊ ရေနွေးတစ်ခွက်ထဲ ထည့်ဖျော်ပြီးလည်း သောက်သုံးနိုင်ပါတယ်။ ညအိပ်ယာမဝင်ခင် ၅ မိနစ်လောက်အလိုမှာသောက်ပေးပါ။ အခုလို ပုံမှန် သောက်သုံးပေးမယ် ဆိုရင်တော့ ညဘက်မှာ နှစ်ခြိုက်စွာအိပ်မောကျစေမှာပဲ ဖြစ်ပါတယ်။ 

နောက်ထပ် နည်းလမ်း တစ်ခုကတော့ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း (သို့) ၂ ဇွန်းကိုလည်း သောက်ပြီး အိပ်ပေးလို့ရပါတယ်။ ဒါမှမဟုတ်ရင်လည်း ပျားရည်နဲ့ ဆားကိုပဲ ရောပြီးသောက်ပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုကိုကျစပြီး ဟော်မုန်းကို ထိန်းချုပ်ပေးတာကြောင့် ညဖက်ကို ကောင်းမွန်စွာ အိပ်စက်စေနိုင်ပါတယ်။

ဒီနည်းလမ်းလေးတွေကို သိရှိပြီးနောက် ကျန်းမာစွာ အိပ်စက်နိုင်ပြီး သာယာသော နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ရှင်

Source: MyFood

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။