အဆိုတော် အောင်ထက်က ငယ်စဉ်က Emperor တေးဂီတတအဖွဲ့ကို အရူးအမူးနှစ်သက်၊ယခု လို Emperor တေးဂီတအဖွဲ့နှင့် တွဲဆ်ိုရမည်ကိုလည်း အလွန်ပျော်ပြီးရင်ခုန်

မန္တလေးမြို့မှာ ကျင်းပမယ့် "ဆေးပေါင်းခတဲ့ ည" ဂီတဖျော်ဖြေပွဲအတွက် ဇော်ဝင်းထွဋ်၊ အောင်ထက် နှင့် ၀ိုင်းစုခိုင်သိန်း တို့ စတင် သီချင်းတိုက်နေကြပါပြီ။ "ဆေးပေါင်းခတဲ့ ည" ဂီတဖျော်ဖြေပွဲကို လာမယ့် နိုဝင်ဘာလ (၁၂) ရက်နေ့တွင် မန္တလေးမြို့ Golden City Event Part မှာ ကျင်းပမှာဖြစ်ပြီး EMPEROR တေးဂီတအဖွဲ့နှင့်အတူ ဇော်ဝင်းထွဋ်၊ အောင်ထက်၊ ဝေလ နှင့် ၀ိုင်းစုခိုင်သိန်း တို့ ပါဝင်ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။

၎င်းကို အဆိုတော် အောင်ထက်က "ကျွန်တော်ငယ်ငယ်က ကက်စက်ခွေလောက်ပဲကြားဖူးပြီးရူးသွပ်ခဲ့ရတဲ့Emperor အဖွဲ့သားတွေနဲ့ ပထမဆုံးပါဝင်ဆင်နွှဲခွင့်ရခဲ့ပါတယ်။ကျွန်တော်အရမ်းလည်း ပျော်တယ်၊အရမ်းလည်းရင်ခုန်ပါတယ်" ပာု ပြောကြားသွားခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။