ပင်လယ်စာသုပ်လို့ ပြောလိုက် ကြားလိုက်တာနဲ့ အရင်ဆုံး ပြည်ကြီးငါးသုပ်ကိုပဲ သတိရတတ်ကြပါတယ်။ ပြည်ကြီးငါးသုပ်က အရသာရှိပြီး လူကြိုက်များတဲ့ အသုပ်တစ်မျိုးဆိုလည်း မမှားပါဘူး။ ဒါ့ကြောင့် အခုဖော်ပြပေးမဲ့ အကြောင်းအရာလေးကတော့ ပြည်ကြီးငါး ရခိုင်သုပ်နည်းပဲ ဖြစ်ပါတယ်။ အချိုမှုန့် ၊ ဆီတိုု့ လုုံးဝ မပါဘဲ ပူစပ် ပင်လယ်စာ ပြည်ကြီးငါး အသုပ်မို့ အားလုံးပဲ သုပ်စားကြည့်ဖို့ တိုက်တွန်းပါရစေနော် ။

ပါ၀င်ပစ္စည်းများ

ပြည်ကြီးငါး (Squid ) - ၁၀ ကောင် (အရွယ်တော် လှီးပြီး အိုးပူတိုက်ထားပါ။)

စိမ်းစားငပိ - ၁ ဇွန်း (ထမင်းစားဇွန်း) (မီးဖုုတ်ထားပါ)

သခွါးသီး အသေး - ၁ လုံုး (သေးသေး အတုံးများ လှီးထားပါ)

ကြက်သွန်နီ အသေး - ၁ လုံုး (ပါးပါးလှီးပြီး ရေစိမ်ထားပါ)

ကြက်သွန်ဖြူ အကြီး - ၃ မွှာ ( လှော်ပြီးထောင်းထားပါ)

ပုုဇွန်ငံပြာရည် - ၂ ဇွန်း (ထမင်းစားဇွန်း)

ငရုတ်သီးစိမ်း - ၁၀ တောင့် ( လှော်ပြီးထောင်းထားပါ)

ခရမ်းချဉ်သီး - ၂ လုံး (၈ စိပ် စိပ်ထားပါ။)

နံနံပင် - အနည်းငယ် (လှီးထားပါ)

သံပုရာရည် - ၂ ဇွန်း (ထမင်းစားဇွန်း)

ငရုတ်ကောင်းမှုန့် - အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

ပြည်ကြီးငါးများကို အညစ်အကြေးနှင့် အချွဲများ ကုုန်အောင် ဆားနှင့် နယ်၍ ရေကိုု အထပ်ထပ်ဆေး သန့်စင်ပြီး ရေစစ်ထားပါ ။ ခေါင်းတွင် ပါ၀င်သော နှုတ်ခေါင်း (မာမာလေးနှင့် အမဲစံ) များကို ဖယ်ရှားပါ။

ဒယ်အိုးအထဲတွင် ရေစစ်ထားသည့် ပြည်ကြီးငါးများကိုထည့်ကာ မီးပြင်းပြင်းဖြင့် အပါ်ရုံ တင်းရုုံသာ ခဏ အိုးပူတိုက်ပါ ။ အိုးပူတိုက်ပြီးနောက် ဒယ်အိုးထဲမှ ထုုတ်၍ အအေးခံ ထားပါ ။

ဒယ်အိုးထဲတွင် ကျန်နေသည့် ပြည်ကြီးငါး အရည်များကိုု အနည်းငယ်လောက်သာ ကျန်သည်အထိ ဆက်တည်ပေးပါ ။

ဆုံထဲတွင် လှော်ထားသော ငရုတ်သီးစိမ်း နှင့် ကြက်သွန်ဖြူ ကို စိမ်းစားငပိဖြင့် တွဲထောင်းပါ ။

ပြီးလျင် အိုုးပူတိုုက် ထားသည့် ပါဝင်ပစ္စည်းများ အားလုံး နှင့် ပြည်ကြီးငါး အရည်များကိုု ဇလုံထဲ ထည့်၍ သုပ်ပါ ။ ခရမ်းချဉ်သီး နှင့် နံနံပင်များလည်း ထည့်ပါ။

ထို့နောက် အပေါ့၊ အငန် အရသာ မြည်းပြီး လိုအပ်သလို ပြင်နိုင်ပါတယ်။

အရသာရှိသော ပြည်ကြီးငါး ရခိုင်သုပ်ကို ချစ်သူ၊ ခင်သူတွေနဲ့ အတူတူ မျှဝေ စားလိုက်ကြရအောင်

သတင်းအရင်းအမြစ် - MyFood 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။