ကျွန်တော်တို့ပွဲသီချင်းတွေဖွင့်တဲ့ညမှပဲ ဖြစ်ခဲ့တာ။

ပထမဦးစွာ Hotel နှင့် ဝန်ထမ်းများ , ပြီးနောက် Clubhouse နှင့် ဝန်ထမ်းများ , ထို့နောက် ကျွန်တော်တို့ရဲ့ Lucid ပွဲလေး... ဆုံးရှုံးသွားတဲ့အဆောက်အဦး ၊ အလုပ်လက်မဲ့ ဖြစ်သွားမဲ့ ဝန်ထမ်းတွေနဲ့ သူတို့ရဲ့မိသားစု ၊ နောက်ဆက်တွဲ ကုန်ကျစရိတ်အားလုံးအတွက်စိ

တ်မကောင်းကြောင်း။

ကျွန်တော်တို့ပွဲလုပ်တဲ့ကလပ်က Basement ထဲမှာပါ။ မီးကတော့ ဟိုး အပေါ်ထပ်က အခန်းတွေ အလှဆင်ထားတဲ့ မုဒ်ဦးကြီးတွေပေါ်ကနေလောင်တာလို့ထင်တာပဲ။ ကလပ်ကလူတွေအားလုံးဘေးကင်းပါတယ်။

Lucid ပွဲဟာ ၂၀၁၆ အလွန်မှာ မြန်မာနိုင်ငံမှာ လုပ်တဲ့ ဒုတိယမြောက် ရှားရှားပါးပါး လူစည်ပြီးလူညီတဲ့ Trance ပွဲပါ။ ဒီတခေါက် အောင်မြင်ရင် Clubhouse နဲ့ တခြား Lucid Series တွေ ထပ်လုပ်ပြီး Trance အပြင် House,Techno စစ်စစ်တွေကို လူတွေပိုကြိုက်လာအောင် ပိုအသက်သွင်းမယ်လို့ စီစဉ်ထားကြခဲ့တာ။ ညတုန်းကလဲ Trance ပွဲက အောင်မြင်ပြီး ပွဲသိမ်းဖို့ မိနစ် 30 လောက်အလိုမှ ဟိုတယ်အပေါ်ဘက်မှာမထင်မှတ်ထားတာတွေဖြစ်ခဲ့တာ။

ကျွန်တော်ဆိုရင် လွန်ခဲ့တဲ့ ၁၀နှစ်ကျော်လောက်တည်းက ဘယ်သူမှမကြိုက်လောက်ပါဘူးထင်ပြီး လက်လွှတ်ထားခဲ့တဲ့ Trance ပွဲလေးအခုပြန်လုပ်တာ မထင်ထားလောက်အောင်အရမ်းမိုက်နေလို့ ပျော်ပြီး ၃နာရီဆက်တိုက်မတ်တပ်ရပ်ပြီး သီချင်းဖွင့်နေတုန်း Manager ကတက်လာပြီး အပေါ်ထပ်မှာမီးလောင်နေတယ် သီချင်းပိတ်လိုက်တော့လို့ပြောတော့ သာမာန် မီးသတ်ဆေးဘူးလောက်နဲ့ ဖြန်းပြီးငြှိမ်းလို့ရတဲ့ Minor လောက်လေးလောင်တယ်ထင် , ဟိုတယ်ကလူတွေကအစိုးရိမ်လွန်ပြီး သီချင်းလာပိတ်ခိုင်းတယ်ထင်လို့ စိတ်ထဲတမျိုးဖြစ်နေတာ သိပ်တောင်ပိတ်ချင်ဘူး , ကလပ်ထဲက လူတွေအကုန်ထွက်သွားပြီး ကျွန်တော်ရယ် , DJ Nan Htike ရယ် အရှည်ကြီးရယ် ၃ ယောက်ပဲကျန်ခဲ့တယ်။ ကျွန်တော်ဆို ပေါ့သေးသေးပဲလောင်တယ်ထင်ပြီး Toilet ထဲမှာတောင်အစောင့်နဲ့စကားပြောနေလိုက်သေးတယ်။ ပြီးတော့မှသူတို့ပါ ပြေးထွက်ကြတော့မှ Headphone တွေ Stick ဘူးတွေလိုက်သိမ်း DJ စက်တွေကတယောက်တည်း မနိုင်တော့ အပေါ်မှာလောင်တဲ့မီးက သေးတယ်အချိန်တန် ငြိမ်းသွားမယ်ထင်ပြီး နောက်နေ့ အေးဆေးမှ လာယူမယ်ဆိုပြီး အားလုံးတော့ ပြောပြီးပါဝါတွေပိတ်ပြီး ထားခဲ့တာ။ DJ စင်ပေါ်တင်ထားတဲ့ ကြောင်မဲရယ် ကျွန်တော်ရယ် နန်းထိုက်ရယ် အရှည်ကြီးရယ် အပြင်ရောက်တော့မှ.... ခေါင်းပေါ်မှာရော လေပေါ်မှာရော မီးစတွေက ဟိုးအပေါ်လောင်တဲ့ နေရာတွေကနေ နှင်းတွေကြသလိုကျနေတာ။ ကျွန်တော် ရယ် ဟိုတယ်မှာတည်းနေတဲ့ ကျွန်တော့်ဆရာရယ် ကိုခန့်ရယ် ကားသုံးစီး က မီးလောင်နေတဲ့ မုဒ်ဦးအောက်မှာရပ်ထားတာ။ ကားစီအမြန်ပြေးသွားတော့ လှမ်းအောပြီးတားကြတယ်။ မတက်နိုင်ဘူး။ မီးပွါးတွေကြားထဲ က ကားစီ အမြန်ပြေး ကာပေါ်တက်စက်အမြန်နှိုးပြီး မောင်းထွက်လာတာ။

ကျွန်တော့်ဆရာကား ကျန်ခဲ့တယ်။ မနက်သူဖုန်းပြန်ဆက်တော့ ကားဘာမှမဖြစ်ကြောင်းတော့ ပြောသွားတယ်။ ဟိုတယ်မှာတည်းတဲ့ဧည့်သည်တွေကို Chartrium နဲ့ Rose Garden မှာ ပြောင်းထားပေးတယ်လို့ပြောတယ်။ အဆင်ပြေတယ်ကြားရတော့ ဝမ်းသာပါတယ်။LUCID ကတော့ Trance သံစဉ်တွေနဲ့ လူတွေနားထဲအရောက်ရင်ထဲထည့်ပေးနိုင်ပြီးအားလုံးရဲ့ရင်ထဲမှာအောင်မြင်ခဲ့ပါတယ်။

ဘယ်သူပိုင်တဲ့ဟာပဲဖြစ်ဖြစ် အနုပညာလက်ရာမြောက်တဲ့ အရမ်းလှတဲ့ 5 Star Hotel , ကျွန်တော်တို့ရင်ထဲကသီချင်းတွေအတွက်လုပ်ချင်တာတွေလုပ်ခွင့်ရတော့မယ့် အရမ်း Exclusive ဖြစ်တဲ့Club နဲ့ LUCID ပွဲ တခုလုံးအတွက် လာမဲ့ Upcoming Show တွေအတွက် စိတ်မကောင်းတာတော့ အားလုံးပါပဲ။

ဝမ်းနည်းခြင်းများစွာဖြင့်

သတင်းအရင်းအမြစ် -double u

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။