အနုပညာလောကထဲ တစ်ကျော့ပြန်ဝင်ရောက်လာတဲ့ မင်းသမီးချော ခင်ဇာခြည်ကျော် တစ်ယောက် သူမရဲ့ သားကြီးဖြစ်သူနဲ့အတူ ပထမဆုံးအကြိမ် ပွဲတစ်ခုတက်ခဲ့တယ်လို့ သိရပါတယ်။

သားသမီးနှစ်ယောက်မေမေဖြစ်တဲ့ ခင်ဇာခြည်ကျော်ဟာ နိုဗိုတယ်ဟော်တယ်မှာ ကျင်းပပြုလုပ်တဲ့ Beauty Lover Producting launching ကို သားဖြစ်သူနဲ့ အတူတူတက်ရောက်ခဲ့တဲ့ပုံတွေကို သူမရဲ့ လူမှုကွန်ရက်အကောင့်မှာ မျှဝေထားတာဖြစ်ပါတယ်။  

Single Mother တစ်ယောက်အဖြစ် သားသမီးနှစ်ယောက်ကို လူတန်းစေ့ထားနိူင်တဲ့ မင်းသမီးချောခင်ဇာခြည်ကျော်ဟာ တစ်ချိန်က နာမည်ကြီးခဲ့တဲ့အကယ်ဒမီဆုရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်

အနုပညာအလုပ်တွေနဲ့အဆက်သွယ်ပြတ်ပြီးမှ ကားရိုက်တွေပြန်လည်လက်ခံရိုက်ကူးနေတဲ့ သူမဟာ ပရိသတ်တွေလျော့သွားခြင်းမရှိပဲ လက်ရှိအချိန်ထိ နာမည်ရနေတဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်

သားသမီးတွေနဲ့အတူယှဉ်မြင်လိုက်ရင် မသိတဲ့သူဖို့တော့ မောင်မှမတွေအလား ထင်မှတ်မှားလောက်ပါတယ်

နုပျိုလှပနေတဲ့ မဇာလေးနဲ့ အနုပညာအလုပ်တွေစလုပ်တော့မယ့် သားဖြစ်သူရဲ့ ပွဲတက်ပုံရိပ်တွေကို ပရိသတ်တွေနှစ်သက်မယ်လို့ထင်ပါတယ်

Source- khinzarchi kyaw fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။