အနုပညာသည်ဆိုတာဟာ ပရိသတ်တွေအတွက်အကောင်းဆုံးတွေကိုသာဖျော်ဖြေတင်ဆက်ပေးချင်သူများဖြစ်ပါတယ်။အဲ့လိုအကောင်းဆုံးတွေကိုတင်ဆက်ပေးနိုင်ဖို့တစ်ခါတစ်လေမှာမတော်တဆ ထိခိုက်ဒဏ်ရာများတောင်ရရှိကြရတာပါ။အဲ့လိုပင်ပန်းမှုတွေ,ထိခိုက်ဒဏ်ရာအနာတရတွေ,ပျော်ရွှင်စရာအမှတ်တရတွေနဲ့ရိုက်ကွင်းနောက်ကွယ်မှာအစွမ်းကုန်ကြိုးစားခဲ့ကြရပြီးမှ ပရိသတ်တွေရယ်မောပျော်ရွှင်ကြရတဲ့ ဇာတ်ကားကောင်းလေးတွေဖြစ်လာရတာပဲဖြစ်ပါတယ်။သူတို့အတွက်ဘယ်လိုအခက်ခဲပဲဖြစ်ပါစေ,ဘလိုထိခိုက်ဒဏ်ရာမျိုးတွေရပါစေ,ဘလိုသက်စွန့်စံဖျားရိုက်ကူးရေးတွေရိုက်နေရပါစေပင်ပန်းမှုဆိုတာမရှိပဲပရိသတ်တွေရဲ့အားပေးသံတွေကနောက်ထပ်လုပ်မယ့်အနုပညာလုပ်ငန်းတွေအတွက်အင်အားတွေဖြစ်စေပြီးထပ်ထပ်ပြီးအကောင်းဆုံးတွေကိုပဲပရိသတ်ကြီးအတွက်ကြိုးစာတင်ဆက်ချင်တာအနုပညာရှင်တိုင်းရဲ့ ဆန္ဒပဲဖြစ်ပါတယ်။ 

ပရိသတ်ချစ်တဲ့သရုပ်ဆောင်နေတိုးဟာလဲ  အနုပညာရဲ့လေးနက်တဲ့အဓိပ္ပါယ်များစွာထဲမှ ပရိသတ်ချစ်တဲ့အနုပညာသည်တစ်ယောက်အနေနဲ့အနုပညာရဲ့အနက်အဓိပ္ပါယ်လေးတစ်ခုကိုခုလိုပဲဖွင့်ဆိုလိုက်ပါတယ်။ "အနုပညာဆိုတာ တစ်ခါတစ်လေမှာချွေးနဲ့သွေးနဲ့ရင်းရတာမျိုးပါ''ဆိုပြီးရိုက်ကွင်းပေါ်ကပုံရိပ်လေးတွေနဲ့အတူသူရဲ့လူမှုကွန်ယက်ဖေ့ဘွတ်ကနေမျှဝေလိုက်တာပဲဖြစ်ပါတယ်။စီနီယာအနုပညာရှင်ကြီးများအားလုံးကိုထာဝရဦးညွတ်လျက်ပါဆိုတဲ့ စီနီယာအနုပညာရှင်ကြီးတွေအပေါ်လေးစားတဲ့စိတ်ထားလေးကိုလဲတွေ့မြင်ရပါတယ်။ 

လက်ရှိမှာတော့ သရုပ်ဆောင်နေတိုးဟာ အောင်ပန်းမှာ ဇာတ်ကားရိုက်ကူးနေတာဖြစ်ပါတယ်။ ဒါရိုက်ကျောဇောလင်း(အတွေးပုံရိပ်) ရိုက်ကူးနေတဲ့"လူမိုက်သံချောင်းကံကောင်းသည်"ဆိုတဲ့ဇာတ်ကားလေးထဲမှာပါဝင်ရိုက်ကူးနေတာပဲဖြစ်ပါတယ်။တခြားပြည်သူချစ်နိုင်ငံကျော်သရုပ်ဆောင်များနဲ့အတူရိုက်ကူးနေတာဖြစ်ပြီးရှေးခောတ်နေထိုင်မှုပုံစံလေးတွေကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။သရုပ်ဆောင်နေတိုးဟာအနုပညာလုပ်ငန်းတွေမှာစိတ်ရောကိုယ်ပါမြုပ်နှံပြီးပရိသတ်ကြီးအတွက်အကောင်းဆုံးကြိုးစားနေပါတယ်လို့ဆိုပါတယ်။ သရုပ်ဆောင်နေတိုးရဲ့ရိုက်ကွင်းပေါ်ကအမှတ်တရပုံရိပ်လေးတွေကိုလဲပရိသတ်ကြီးအတွက်ဝေမျှပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ်-နေတိုး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။