သရုပ်ဆောင်လူမင်းဟာအောင်းပန်းမှာရုပ်ရှင်ရိုက်ကူးရေးပြုလုပ်နေစဉ်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဒါရိုက်တာကျော်ဇောလင်း(အတွေးပုံရိပ်)ရိုက်ကူးနေတဲ့"လူမိုက်သံချောင်းကံကောင်းသည်"ဆိုတဲ့ရုပ်ရှင်ဇာတ်ကားလေးရိုက်ကူးနေတာဖြစ်ပြီး ဒီနေ့မှာတော့ သရုပ်ဆောင်လူမင်းဟာကံမကောင်းစွာနဲ့ပဲထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ချောင်းကမ်းပါးလေးတစ်ခုမှာရိုက်ရတဲ့ဇာတ်ဝင်ခန်းမှာရရှိခဲ့တာဖြစ်တယ်လို့လဲသိရပါတယ်။ချောင်းကမ်းပါးဆိုတော့ ရေအောက်မှာမမြင်နိုင်တဲ့ဆူးတွေ့ ညှောင့်တွေရှိတက်တာဖြစ်ပြီး ရေအောက်ကဘာနဲ့ထိသွားမှန်းမသိလိုက်ရပဲ ဒဏ်ရာကရေဝင်ပြီး့စပ်လာတော့မှာခြေထောက်မှာဒဏ်ရာရနေမှန်းသိတာပါလို့ ပြောပါတယ်။ 

သရုပ်ဆောင်လူမင်းရဲ့ဒူးစစ်အပေါ်နားမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ၂ချက်ချုပ်လိုက်ရပါတယ်လို့သိရပါတယ်။ဒဏ်ရာအတွက်မေးခိုင်ကာကွယ်ဆေးထိုးထားပြီးပိုးသတ်ဆေးတွေလဲသောက်နေပါတယ်လို့ဆိုပါတယ်။လက်ရှိအချိန်မှာတော့ဒဏ်ရာအရမ်းမပြင်းထန်တဲ့အတွက် စိတ်ပူစရာမရှိတော့ပါဘူးလို့ဆိုပါတယ်။လိုအပ်တဲ့ကာကွယ်ဆေးတွေလဲထိုးထားပြီးသက်သာနေပြီးဖြစ်ပါတယ်။  စိတ်ပူပေးတဲ့ပရိသတ်တွေအားလုံးကိုလဲအများကြီးကျေးဇူးတင်ပါတယ်လို့ ပြောပါတယ်။ 

ညတွင်းချင်းပဲစိတ်ပူပြီးသတင်းလာမေးကြတဲ့ရိုက်ကွင်းကအနုပညာရှင်ညီကိုမောင်နှမများအားလုံးကိုလဲကျေးဇူးတင်ပါတယ်လို့ဆိုပါတယ်။"လူမိုက်သံချောင်းကံကောင်းသည်"ဆိုတဲ့ရုပ်ရှင်ဇာတ်ကားလေးကိုဆက်လက်ပြီးအကောင်းဆုံးကြိုးစားရိုက်ကူးသွားမှာပါလို့ပြောပါတယ်။သရုပ်ဆောင်လူမင်းရဲ့ရိုက်ကွင်းပေါ်ကအမှတ်တရပုံရိပ်လေးတွေကိုလဲပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်။ 

သတင်းအရင်းအမြစ် - လူမင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။