မြင့်မြတ်အပါအဝင် နိုင်ငံကျော်အနုပညာရှင်တွေနဲ့ ရိုက်ကူးထားတဲ့ ကို့ရိုးကားယား ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ ဝေဖန်မှုတွေပြင်းထန်နေတာဖြစ်ပါတယ်။

ရုံမတင်ရသေးတဲ့ အဆိုပါဇာတ်ကားမှာ မသန်စွမ်းသူတွေကို လှောင်ပြောင်ထားတဲ့ စကားအသုံးအနှုန်းတွေပါနေတယ်ဆိုပြီး ဝေဖန်တဲ့သူတွေရှိနေတာဖြစ်ပါတယ်။

ဒီဇာတ်ကားကိုရိုက်ကူးတဲ့နာမည်ကြီးဒါရိုက်တာတစ်ဦးဖြစ်တဲ့ ပြည်ဟိန်းသီဟကတော့ ဒီဇာတ်ကားဟာ မသန်စွမ်းသူတွေဟာ မသန်ပေမယ့် စွမ်းတဲ့သူတွေဖြစ်ကြောင်း ရန်ပုံငွေရှာပေးတဲ့ ဇာတ်ကားတစ်ကားဖြစ်ကြောင်း အောက်ပါအတိုင်းပြောထားပါတယ်။

":တကယ်တော့ ဇာတ်လမ်းက ရိုးရိုးလေးပါ

ဘယ်သူ့ကိုမှလည်း မထိခိုက်ပါဘူး

မနှိမ်ချပါဘူး ဟာသကားဖြစ်နေလို့သာ

သရုပ်ဆောင်ချက်က ရီစရာနဲ့ ချစ်စရာလေးဖြစ်နေတာပါ

မြန်မာလူမျိုးတွေပဲဗျာ အဲဒီလိုကြီး အခုပွနေသလိုကြီးတော့

ကျွန်တော်တို့တွေ ရိုက်ကြပါ့မလားဗျာ

သူတို့တွေကို ချစ်ကြလို့ပဲ ရံပုံငွေ ပွဲတွေမှာ ဒီအနုပညာရှင်

တွေကပဲ ရံပုံငွေတွေ ရှာပေးခဲ့ကြတာပဲမလား""

ဒါရိုက်တာပြည်ဟိန်းသီဟ ဟာ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး မသန်စွမ်းအဖွဲ့အစည်းနဲ့ ညှိညှိနှိုင်းနှိုင်း ပြန်လည်ဆောင်ရွက်မယ်ဆိုတာကိုလည်းသူ့ရဲ့ ဖေ့ဘုတ်အကောင့်မှာ ရေးသားထားပါတယ်။

ပရိသတ်အချို့ရဲ့ နားလည်မှုလွဲနေတဲ့ ဒီဇာတ်ကားကတော့ ရုံမတင်ခင်မှာတင် ဟိုးလေးတစ်ကျော် စိတ်ဝင်တစားဖြစ်နေကြပါပြီ။

ဟာသပုံစံလေးနဲ့ ပညာပေးပုံစံကို ရောနှောရိုက်ကူးထားပုံရတဲ့ ဒီဇာတ်ကားလေးကို ပရိသတ်ကြီးရော သဘောကျရဲ့လား။  

Source: PyiHein Thiha

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။