အဆိုတော်ဝေလျှံကတော့ အမွှာလေးတွေရဲ့ ဖေဖေ ဖြစ်သွားပါပြီ..။ ယနေ့ အောက်တိုဘာ(၂၁)ရက်နေ့ နံနက်ပိုင်းမှာ အမွှာသားဦးလေးတွေကို အောင်မြင်စွာ မွေးဖွားခဲ့တယ်လို့ သိရပါတယ်..။ မိခင်ရော အမွှာလေးတွေပါ ကျန်းကျန်းမာမာရှိပြီး အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တာ ဖြစ်ပါတယ်..။ အမွှာ ရင်သွေးလေးတွေရဲ့ ဖေဖေဖြစ်သွားပြီဖြစ်တဲ့ ဝေလျှံကတော့ အပျော်ကြီး ပျော်နေမှာပါပဲ..။

လာမယ့် နိုဝင်ဘာလမှာ Juedate ပေးထားပေမယ့် ယခု အောက်တိုဘာလမှာ စောပြီး မွေးဖွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်..။ အမွှာရင်သွေးလေးတွေကို ယနေ့ နံနက်ပိုင်းမှာ မြောက်ဒဂုံရှိ ပင်လုံဆေးရုံ မှာ ခွဲပြီး မွေးဖွားခဲ့တာ ဖြစ်ပါတယ်..။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလောက်မှာ ရင်သွေးလေး စတင်ရရှိတာကို သိခဲ့ပြီး နောက်ပိုင်းမှာ အမွှာလေးတွေ ဖြစ်တယ်လို့ သိခဲ့တယ်လို့ ဆိုပါတယ်..။ သားလေးတွေရဲ့ နာမည်ကိုလည်း သူ့ရဲ့ နာမည် ဝေလျှံကိုလည်း ထည့်ပြီး နာမည်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်..။

အဆိုတော် ဝေလျှံ နဲ့ ဇနီးဖြစ်သူ သန့်စင်မွန်တို့ဟာ ပြီးခဲ့တဲ့ (၂၀၁၆)ခုနှစ် အောက်တိုဘာ(၂၀)ရက်နေ့မှာ ထိမ်းမြားလက်ထက် မင်္ဂလာဦးဆွမ်းကျွေးပွဲကို ကျင်းပခဲ့တာ ဖြစ်ပြီး နိုဝင်ဘာ(၂၀)ရက်နေ့မှာတော့ မင်္ဂလာဧည့်ခံပွဲကို ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်..။ အနုပညာလှုပ်ရှားမှုတွေအနေနဲ့ကတော့ ရှိုးပွဲတွေသီဆိုဖျော်ဖြေနေပြီး နောက်ပိုင်းမှာလည်း နယ်ရှိုးတွေမှာ သီဆိုဖျော်ဖြေဖို့ ရှိတယ်လို့ ဆိုပါတယ်..။ ဒီအတောအတွင်းမှာလည်း သီချင်းသစ်လေးတွေ လုပ်ထားတယ်လို့ သိရပါတယ်..။ ဗီဒီယိုဇာတ်ကားတွေလည်း ထွက်ရှိထားပြီး ရုပ်ရှင်ဇာတ်ကားကြီးအနေနဲ့ကတော့ “ငါ့အကယ်ဒမီ” ကားပဲ ရုံတင်ထားပြိး ကျန်(၂)ကားကတော့ ရုံုမတင်ရသေးဘူးလို့ ဆိုပါတယ်..။

Source - ဝေလျှံ fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။