အက်ရှင်ဇာတ်ကားတွေကိုမှကြိုက်နှစ်သက်တဲ့ပရိသတ်တွေရဲ့အားပေးမှုအခိုင်အမာရှိထားတဲ့အက်ရှင်မင်းသားချောတစ်ယောက်ဆိုရင်ဘယ်သူဖြစ်မလဲပရိသတ်ကြီးခန့်မှန်းမိလောက်မယ်ထင်ပါတယ်။သရုပ်ဆောင်နေထူးနိုင်ဟာကြမ်းကြမ်းတမ်းတမ်းဖိုက်တင်ခန်းတွေနဲ့ပရိသတ်တွေရင်ထဲထိုးဖောက်နိုင်ခဲ့တဲ့မင်းသားချောပဲဖြစ်ပါတယ်။အက်ရှင်ကားတွေမှာမကဒရမ်မာဇာတ်ကားတွေမှာလဲပရိသတ်တွေရင်ထဲကိုထိစေတဲ့သရုပ်ဆောင်ချက်တွေနဲ့ဖမ်းစားနိုင်တဲ့မင်းသားတစ်ယောက်ပဲဖြစ်ပါတယ်။မီးကျည်မင်းခေါင်,မီးလက်ဝါ တို့လို ထူးထူးခြားခြားဇာတ်ကားတွေနဲ့ပရိသတ်တွေသတိထားမိနေပြီးနယ်ပရိသတ်အားပေးမှုပိုမိုရရှိထားတယ်လို့လဲသိရပါတယ်။ 

လက်ရှိမှာတော့ သရုပ်ဆောင်နေထူးနိုင်ဟာ လာအို,ထိုင်း,တာချီလိတ်နဲ့မိုးကုတ် စတဲ့နိုင်ငံ (၃) နိုင်ငံမှာထူးထူးခြားခြား ဇာတ်ကားရိုက်ကူးမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ပရိသတ်တွေသဘောကျစေမယ့် အကြမ်းစားဖိုက်တင်ခန်းတွေကို ကိုယ်တိုင်သရုပ်ဆောင် ကိုယ်တိုင်ဇာတ်လမ်းရေးပြီးဇာတ်ညွန်း,ဒါရိုက်တာအနေနဲ့ပါတာဝန်ယူဖန်တီးရိုက်ကူးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ကိုယ်တိုင်စိတ်ကြိုက်ဖန်တီးမှုတွေနဲ့ပရိသတ်တွေအတွက်အကောင်းဆုံးကြိုုးစားထားပါတယ်လို့ဆိုပါတယ်။သရုပ်ဆောင်နေထူးနိုင်ရဲ့ထူးထူးခြားခြား ဖန်တီးမှုတွေနဲ့ ၃နိုင်ငံရိုက်ကူးခဲ့တဲ့ "အမုန်းစရိုက် အမိုက်ဝင်္ကပါ"ဆိုတဲ့ဇာတ်ကားလေးကိုမကြာခင်ပရိသတ်ကြီးကြည့်ရှု့ခံစားရတော့မှာဖြစ်ပါတယ်။ 

လက်တစ်လောအနုပညာလှုပ်ရှားမှုအနေနဲ့ဇာတ်ကားရိုက်ကူးရေးတွေတောက်လျောက်ကြိုးစားလုပ်ကိုင်လျက်ရှိတယ်လို့သိရပါတယ်။ဇာတ်ကားလေးတွေကိုနယ်ဘက်တွေမှာသွားရောက်ရိုက်ကူးဖြစ်တာများပြီး တောသူတောင်သားကာရိုက်တာလေးတွေနဲ့ နယ်ဘက်ဒေသဓလေ့စရိုက်ဇာတ်ကားလေးတွေရိုက်ကူးဖြစ်တာများတယ်လို့သိရပါတယ်။ပရိသတ်ကြီးအားပေးနေသ၍အင်တိုက်အားတိုက်သူတက်စွမ်းတဲ့အနုပညာနဲ့အကောင်းဆုံးကြိုးစားတင်ဆက်သွားမှာပါလို့

ဆိုပါတယ်။ နေထူးနိုင်ရဲ့ရိုက်ကွင်းပေါ်ကအမှတ်တရပုံရိပ်တွေကိုလဲပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်။ 

သတင်းအရင်းအမြစ် - နေထူးနိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။