အနုပညာလောကရဲ့ လူသိများတဲ့ မင်းသားတွေထဲမှာ ဥက္ကာမင်းမောင်တစ်ဦးလည်း ပါဝင်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်နီးပါးလောက်က အနုပညာလောကကနေ ပျောက်ကွယ်သွားခဲ့ပြီး ပြည်ပမှာ ပညာသွားရောက် သင်ယူခဲ့တဲ့ သူကတော့ ယခုချိန်မှာ မြန်မာပြည်မှာ အခြေချနေထိုင်နေပြီး အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေတာတွေ့ရပါတယ်။ 

Mister Tourism World 2016 Winner ဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ "မေထုန်ရာသီဖွား" ဆိုတဲ့ ရုပ်ရှင်ကားကြီးနဲ့ ပရိသတ်ရဲ့ အားပေးမှုကို ရရှိခဲ့ပြီး လက်ရှိမှာတော့ " မရဲ့ အေးခဲသွားကြသူများ" ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးလို့နေပါတယ်။ ထိုဇာတ်ကားမှာတော့ နာမည်ကြီးမင်းသားတွေဖြစ်ကြတဲ့ အောင်မင်းခန့် မော်ဒယ်လ်ထူးအောင် ကောင်းစစ်သွေးနဲ့ မင်းသမီး ချောကလျာတို့က ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

ယခုလတ်တလောမှာတော့ ဒီဇာတ်ကားရဲ့ ရိုက်ကွင်းပေါ်က ဓာတ်ပုံတစ်ချို့ဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှ့ံလို့နေပါတယ်။ ဒါပေမဲ့ ဥက္ကာမင်းမောင်ကတော့

"ရိုက်ကူးလက်စ "မရဲ့အေးခဲသွားကြသူများ" ရုပ်ရှင်ဇာတ်ကားမှပုံရိပ်များ... Myanmar Celebrity မှာတင်ထားတဲ့ ကုတင်ပေါ်က ဇာတ်ဝင်ခန်းပုံတွေ ထွက်ပြီး ပွဲဆူ... ရုံတင်ရင် ဒီထက်ပို ပွဲဆူမယ်.. ဘာလဲဆိုတာတော့ လျှို့ဝှက်ချက်ပေါ့... ဟက်ဟက်ဟက်... ??? ကြည့်ချင်ပြီလား #မရဲ့အေးခဲသွားကြသူများ" ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ တင်ခဲ့ပါတယ် ပရိသတ်ကြီးရေ......

Source: Oakkar Min Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။