နန်းဆုရတီစိုးဟာ သူမရဲ့ Instagram မှာ ပို့စ်လေးတစ်ခုကို တင်ထားပါတယ်..။ ဒါပေမယ့် အဲ့ဒီ Post ဟာ သူမရဲ့ စိတ်သဘောအရတင်တာ မဟုတ်ဘဲ တစ်ယောက်သောသူရဲ့ စိတ်အလိုကျ တင်ထားတာ ဖြစ်လို့ ပြောထားပါတယ်..။ တင်ထားတဲ့ စာလေးထဲမှာတော့ သူမကို ဘယ်လောက်ချစ်ကြောင်း ရည်ရွယ်ပြီး ရေးသားထားတဲ့ ပို့စ်လေး တစ်ခု ဖြစ်ပါတယ်..။ သူမပြန်တင်ထားတဲ့ Post ကို ပရိသတ်ကြီးအတွက် ပြန်လည် မျှဝေလိုက်ပါတယ်..။ စာသားလေးတွေကတော့ တကယ်ကို ကြွေချင်စရာပါပဲ…

“လူတိုင်းက ပျော်ရွှင်မှုကိုပဲ လိုချင်ကြတာပါဆိုတဲ့ စကားကို ကျွန်တော် ငြင်းပါရစေ.. ကျွန်တော်က သူ့စိတ်ဆင်းရဲမှုတွေကို ခွဲေ၀ လိုချင်နေမိလို့ပါ.. ကျွန်တော့်အတွက် အချစ်ဆိုတာ သူမပဲလို့ပြောရင် ခင်ဗျားတို့ယုံပါ.. ခင်ဗျားတို့ မယုံလည်း ဂရုမစိုက်ပါ.. တလောကလုံးနဲ့တိုက်ပြီးမှ သူမကိုရမယ်ဆိုတာသေချာရင် အခုကတည်းက တလောကလုံး ကျွန်တော့ကို ဒူးထောက်လိုက်ကြပါ.. သူမကို ထိုးနှက်ဖို့လုပ်မယ်ဆို ကျွန်တော်ရှိတာမမေ့ပါနဲ့.. နန်းဆု လို့ ရွတ်မိတ်ုင်း ကျွန်တော့်ကိုတွဲမြင်ပါ.. သူမကို ငိုကြွေးစေတဲ့ အရာ မှန်သမျှနဲ့ ကျွန်တော်ဟာ ကမ္ဘာမကြေပါ..

ဘယ်ပြဿနာမှာမဆို သူ့စိတ်နဲပ ကျွတ်တော့ခန္ဓာ ပေါင်းထားတာ ဖြစ်ကြောင်း ခင်ဇျားတို့ သတိရပါ.. အသက်၂၅နှစ်နောက်ပိုင်းရဲ့ ရှင်သန်နေရခြင်း အကြောင်းအရာဟာ သူမကိုချစ်ဖို့ ဖြစ်တယ်.. ဖတ်ဖူးတဲ့ စာအုပ်ထဲကလိုဆို ကျွန်တော်ဟာ လေတံခွန်ပါ သူမကရစ်ဘီးလုံးပါ.. မတော်တဆကြိုးပြတ် လွှင့်မြောသွားလို့ ဓာတ်တိုင်မှာပဲငြိငြိ သစ်ပင်မှာပဲတွယ်တွယ်.. ရစ်ဘီးလုံးလေးဆီပဲ ရောက်အောင်ပြန်လာမှာ..” လို့ ရေးသားထားတာ ဖြစ်ပါတယ်..။ အဲ့ဒီ Post ရဲ့ အောက်မှာတော့ G Fatt က “သူမကို ငိုကြွေးစေတဲ့အရာ မှန်သမျှနဲ့ ကျွန်တော်ဟာ ကမ္ဘာမကြေပါ” လို့ Comment ပေး ဝင်ရေးထားတာ တွေ့ရပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။