ပရိသတ်အချစ်တော် အဆိုတော်တွေဖြစ်ကြတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ကတော့ သူတို့ရဲ့ Soccer House Cafe' ဆိုင်ဖွင့်ပွဲလေးကို အောက်တိုဘာလ (၂၁) ရက်နေ့ ယနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။ သုဝဏ္ဏမြက်ခင်းပြင်မှာ ကျင်းပခဲ့တဲ့ ထိုဆိုင်ဖွင့်ပွဲလေးကို အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ 

ထိုပွဲကို နိုင်ငံကျော် ထိပ်တန်းမင်းသမီးတွေဖြစ်ကြတဲ့ အိန္ဒြာကျော်ဇင် သက်မွန်မြင့် ခင်လေးနွယ် နန်းမြတ်ဖြိုးသင်း အဆိုတော် ကော်နီ ဒါရိုက်တာ ဝိုင်း အဆိုတော်အာဇာနည်နှင့် ဇနီး ဒီဇိုင်နာ မပုံ အဆိုတော် ဖိုးကာတို့ သားအဖ တို့အပြင် အခြား အနုပညာအသိုင်းအဝိုင်းမှ မိတ်ဆွေများလည်း တက်ရောက်ခဲ့ကြပါတယ်။ တက်ရောက်လာတဲ့ မိတ်ဆွေတွေနဲ့အတူ လင်းလင်းနဲ့ ချစ်သုဝေတို့မိသားစုဟာ အမှတ်တရဓာတ်ပုံတွေလည်း ရိုက်ကူးခဲ့ကြပါသေးတယ်။ 

ဒီဆိုင်လေးမှာ မနက်စာအတွက်လည်း အစုံအလင်ရရှိသလို မြန်မာထမင်းဟင်းနဲ့ တရုတ်အစားအစာတွေကိုလည်း စုံလင်စွာရရှိနိုင်တယ်လို့ သိရပါတယ်။ ဆိုင်လေးရဲ့ တည်နေရာကတော့ သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်း သုဝဏ္ဏဘောလုံးအကယ်ဒမီဝင်းအတွင်းမှာ ဖြစ်တယ်လို့ သိရပါတယ် ပရိသတ်ကြီးရေ....

Photo Source: Celebrities' Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။