အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတစ်လက် နိုင်ငံကျော်မင်းသားတစ်ဦးရဲ့ ချစ်ဇနီး သားသမီးနှစ်ယောက်ရဲ့ မိခင် ပရိသတ်တွေရဲ့ အချစ်တော် ဖြစ်သူကတော့ အိန္ဒြာကျော်ဇင် ဖြစ်ပါတယ်။ ခေတ်နှစ်ခေတ်တိုင် အောင်မြင်မှု လှပမှု ဖက်ရှင်ကျမှု စတဲ့ အရည်အသွေးတွေကို ထိန်းထားနိုင်ပြီး ယနေ့တိုင် မင်းသမီးအချင်းချင်းအားကျရအောင် အောင်မြင်နေတဲ့ သူမအတွက် ပရိသတ်တွေက " ရင်ဘတ်ထဲက ဓား" ဇာတ်ကားနဲ့ ဒုတိယ အကယ်ဒမီဆုကို ပေးလို့ထားလိုက်ပါပြီ။

ရုံမတင်ရသေးပဲ trailer မှာတင် ပရိသတ်တွေကြွေခဲ့ရပြီး review ကောင်းကောင်းရထားတဲ့ ထိုဇာတ်ကားအတွက် အူဝဲလည်း ကျေနပ်ရင်ခုန်နေတယ်လို့ သိရပါတယ်။ ရည်မှန်းချက်ကြီးမားပြီး ခင်ပွန်းရဲ့ သစ္စာမဲ့မှုခံခဲ့ရတဲ့ "လရိပ်ဝေး" ဇာတ်ကောင်နဲ့ပတ်သတ်ပြီး လက်ရှိပြင်ပမှာ အမျိုးသမှးတွေအနေနဲ့ အိမ်ထောင်ပြုမှုအပေါ် မေးမြန်းကြည့်တဲ့ အခါမှာတော့.......

"ယောက်ျားယူပြီးသွားလို့ရှိရင် ကလေးဆိုတာ မွေးကြတာပဲလေ။ ဒါကတော့ သူကထုံးစံလိုဖြစ်သွားတာဆိုတော့။ မိသားစုတစ်ခုဖြစ်ဖို့ ကလေးလေးတွေမွေးကြတာဆိုတော့။ အမအနေနဲ့ပြောတာပါ ကလေးမွေးပြီးသွားလို့ရှိရင် ဒီကလေးအပေါ်မှာ ပူရတဲ့အပူက ဘာနဲ့မှမလည်းနိုင်ဘူး။ ဒီကလေးတွေလည်း လူ့လောကကိုရောက်လာတဲ့အခါ လောကကြီးမှာက အဆင်ပြေတာတွေရော မပြေတာတွေရော အဲ့ဒီအပူတွေကို ရင်ဆိုင်ရတာမျိုးတွေ မရှိစေချင်ဘူး။ ကိုယ်ကိုတောင်မှ ဒီကလေးအပေါ်မှာထားရတဲ့ အပူတွေဆို တော်တော်ခံစားရတယ်ပေါ့နော်။ ဒါ့ကြောင့် အဲ့ခိုအပူတွေမရှိစေချင်လို့ မယူကြနဲ့လို့ (ရယ်လျက်) တူမတွေကိုလည်း ပြောထားတယ် မယူကြနဲ့လို့။ ကိုယ့်တုန်းကလည်း အဲ့လိုပဲ အဒေါ်တွေက မယူနဲ့နော် မယူနဲ့နော်ဆိုတုန်းက "အံမယ် သူတို့ကျတော့ ယူပြီး" ဆို ပြောခဲ့တာမျိုးလေ။ အမှန်တကယ်တော့လည်း ဒီတိုင်းပြောတာပါ လူတိုင်းကတော့ ဘဝဆိုတာ ဒီလိုမျိုးဖြတ်သန်းကြရတာပဲပေါ့" ဆိုပြီး ပရိသတ်အချစ်တော် အူဝဲက 8days TV မှာ ဖြေဆိုထားတာတွေ့ရပါတယ်။

Source: 8days TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။