အောက်တိုဘာ၂၀ရက်နေ့ မနေ့ကညနေ (၆)နာရီခွဲအချိန်မင်္ဂလာဒုံမြို့နယ် စိန်ပန်းမြိုင်လမ်းတွင်လူသတ်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဆိုပါလူသတ်မှုဟာချစ်သူရည်းစားခြင်းစကားများရန်ဖြစ်ရာကနေတရားခံအမျိုးသားမှမိမိချစ်သူအမျိုးသမီးရဲ့လည်ပင်းအားဓားရှည်ဖြင့်ခုတ်ဖြတ်ကာရက်ရက်စက်စက်သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။သေဆုံးသူအမျိုးသမီးဟာလည်ပင်း,ဂုတ်အပေါ်ဘက်ပြတ်ရှဒဏ်ရာများဖြင့်အခင်းဖြစ်ပွားရာနေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့သိရပါတယ်။

တရားခံအမျိုးသားကိုလဲအခင်းဖြစ်ပွားရာနေရာမှာပဲဖမ်းဆီးရမိခဲ့ပြီး

မင်္ဂလာဒုံရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လိုကနဦးသတင်းအရသိရပါတယ်။အခုလိုအမျိုးသမီးတွေအပေါ်အကြမ်းဖက်သတ်ဖြတ်မှုများနဲ့လိင်အကြမ်းဖက်မှုများကျူးလွန်လာမှုတွေအပေါ်ထိထိရောက်ရောက်အရေးယူမှုတွေပြုလုပ်လျက်ရှိပြီးနောက်ထပ်ဖြစ်ပွားမှုမရှိစေရန်တားဆီးကာကွယ်လျက်ရှိတယ်လို့ရန်ကုန်တိုင်းဒေသကြီးမှုခင်းရဲတပ်ဖွဲ့ကပြောပါတယ်။ 

ယခုလက်တလောချစ်သူရည်းစားစကားများရန်ဖြစ်ရာမှဒေါသစိတ်ကိုမထိန်းချုပ်နိုင်ပဲသတ်ဖြတ်မှုတွေ ခဏခဏဖြစ်ပွားလာခဲ့ပြီးအမျိုးသမီးတွေရဲ့ဘဝလုံခြုံမှုဟာစိုးရိမ်ရတဲ့အခြေအနေမှာရှိလာပါတယ်။အမျိုးသမီးတွေအပေါ်စကားများရန်ဖြစ်ရာမှဒေါသအလျောက်သတ်ဖြတ်မိခြင်း,လိင်အကြမ်းဖက်စော်ကားခြင်းစတဲ့မှုခင်းတွေမကြာခဏဖြစ်ပွားလျက်ရှိတာကြောင့်အမျိုးသမီးတွေအနေနဲ့လဲကိုယ့်ကိုကိုကြိုတင်ကာကွယ်မှုတွေပြုလုပ်ထားသင့်ပါတယ်။မြန်မာနိုင်ငံရဲတပ်ဖွဲနဲ့အမျိုးသမီးရေးရာဌာနမှတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေဦးစီးပြီးအသိပညာပေးဟောပြောပွဲတွေပြုလုပ်ကာအမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုတွေကိုတားဆီးကာကွယ်လျက်ရှိတယ်လို့လဲသိရပါတယ်။ 

Photo - Credit 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။