ရေဝတီဆိုတဲ့နာမည်လေးနဲ့ပဉ္စလက်ရွှာ ရုပ်သံဇာတ်လမ်းတွဲလေးမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေးနန်းစန္ဒာလှထွန်းဟာခုလိုပဲကျေးဇူးတင်စကားလေးဆိုလိုက်ပါတယ်။သူမအတွက်အခုလိုမျိုး ပထမဦးဆုံးပွဲဦးထွက်ဇာတ်လမ်းတွဲလေးမှာသရုပ်ဆောင်အသစ်တစ်ယောက်ကို ယုံယုံကြည်ကြည်နဲ့ ရေဝတီဆိုတဲ့ဇာတ်ဆောင်နေရာလေးတစ်ခုကိုရိုက်ကူးပုံဖော်ခွင့်ပေးခဲ့တဲ့ Forever Group

TaurusVproduction မှ ကိုသားကြီးနဲ့ မရွှေယံကိုကျေးဇူးအထူးတင်ပါတယ်။ညီမအရင်းတစ်ယောက်လိုအစအစအရာရာဂရိုက်စိုက်ပေးခဲ့ပြီးသရုပ်ဆောင်းပိုင်းမှာသာမကစိတ်ဓာတ်ပိုင်းဆိုင်ရာမှာပါကြံခိုင်နိုင်အောင်လမ်းပြပေးခဲ့အတွက်လဲကျေးဇူးတင်ပါတယ်။

ပဉ္စလက်ရွှာဇာတ်ကားလေးရိုက်ကူးနေစဉ်အတွင်းမှာလည်းစိတ်ရှည်လက်ရှည်နဲ့ သင်းကြားလမ်းပြပေးခဲ့တဲ့ဆရာသိုးဆောင်းကိုလဲအများကြီးကျေးဇူးတင်ပါတယ်။နားမလည်တာသိချင်တာမှန်သမျှကိုလဲစိတ်ရှည်ရှည်နဲ့ဖြေကြားပေးတဲ့ဆရာမမယ်ခိုင်ကိုလဲကျေးဇူးအများကြီးတင်ပါတယ်။ရိုက်ကွင်းမှာအစအစအရာအကူညီပေးခဲ့တဲ့

Assistant ဒါရိုက်တာကိုထက်နှောင်နင့် Production အဖွဲ့မှဝိုင်းတော်သားအားလုံးကိုလဲကျေးဇူးတင်ရှိပါတယ်။အဖက်ဖက်မှာ ဝိုင်းဝန်းကူညီပေးကျသော အနုပညာရှင် အတတ်ပညာ ရှင်ညီကိုမောင်နှမများအားလုံးကိုလဲ ကျေးဇူးအထူးတင်ပါတယ်။

တက်နိုင်သမျှ ကူညီအားဖြည့်ပေးကျတဲ့ စက်စက်ယိုမှ

တာဝန်ရှိသူများအားလုံး နှင့် ရွာသူရွာသားများကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။Talent Management Center မှ အမမေသူစိုး နှင့် TC ကိုထက်မြတ်သူ ၊ သင်ဆရာ မြင်ဆရာ ကြားဆရာများနှင့်အနယ်နယ် အရပ်ရပ်မှ ကြည့်ရှူအားပေးကျတဲ့ ချစ်ပရိတ်သတ်များ အားလုံးကိုလည်းကျေးဇူးကမ္ဘာပါရှင်ဆိုပြီးချစ်စရာကျေးဇူးတင်စကားများလေးတွေကိုလဲသူရဲ့ လူမှုကွန်ယက်ဖေ့ဘွတ်ကနေခုလိုမျှဝေလိုက်တာဖြစ်ပါတ

ယ်။

ပဉ္စလက်ရွှာရုပ်သံဇာတ်လမ်းတွဲလေးဟာပရိသတ်တွေအားပေးမှုနဲ့အတူလူကြိုက်များစိတ်ဝင်စားတဲ့ဇာတ်ကားလေးဖြစ်ခဲ့ပါတယ်။ယခုအချိန်မှာတော့ပဉ္စလက်ရွှာဇာတ်ကားလေးရဲ့ထုတ်လွင့်ပြသမှုဟာပြီးဆုံးသွားဖြစ်ပြီးပရိသတ်တွေကိုနှုတ်ဆက်ခဲ့ပြီးပဲဖြစ်ပါတယ်။ပရိသတ်တွေအလွမ်းပြေပြန်လည်အမှတ်ရစေဖို့ ပဉ္စလက်ရွှာဇာတ်ကားလေးထဲကချစ်စရာ ရကောက်စုံတွဲဖြစ်တဲ့ ရိုးစစ်နဲ့ရေဝတီရဲ့ချစ်စရာပုံရိပ်လေးတွေကိုလဲပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - နန်းစန္ဒလှထွန်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။