The X- Factor ရဲ့ Dance Things အစီအစဉ် ကို ကြည့်ဖြစ်လိုက်ကြလား ပရိတ်သတ်ကြီးရေ … voting ပေးဖို့လည်း မမေ့ကြနဲ့နော်

ယမုံ (Voting number – X03) က “အဖြူအမည်း” သီချင်းကို Michael Jackson အကနဲ့ ပထမဦးဆုံး ကပြ သီဆိုသွားခဲ့ပါတယ်။ ဒိုင်လူကြီး ဇမ်နူးပြောသလိုပါပဲ မိန်းကလေးတစ်ယောက် အနေနဲ့ ဒီလိုပုံစံ ၀တ်ပြီး ကပြတဲ့အတွက် တကယ့်ကိုပဲ ချီးကျူးပါတယ် ယမုံရေ …

ကျော်ဇင်သန့် (Voting Number – X12) က “နောက်ကျရင်” သီချင်းကို Dancer ကောင်မလေး ၄ယောက်နဲ့အတူ Performance အပြည့်နဲ့ တင်ဆက်သွားခဲ့ပါတယ်။ Rocker တစ်ဦးလို့ ပြောနေကြတဲ့ ကျော်ဇင်သန့် အတွက်ကတော့ တကယ့်ကိုပဲ စိန်ခေါ်မှု တစ်ခု ဖြစ်ခဲ့ပါတယ်။

Purity (Voting Number – X09) က ဆလိုင်းရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ “Single is the best” သီချင်းကို လှလှပပ ကပြသီဆိုသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်က bottom ထိခဲ့ပေမဲ့လည်း ဒီတစ်ပတ်မှာတော့ ပရိတ်သတ်တွေသာ အားပေးမယ်ဆို နောက်တစ်ဆင့်တက်ဖို့ သေချာပေါက် အောင်မြင်မယ်ဆိုတာ ယုံကြည်ပါတယ်။ သူမကိုလည်း အားပေးဖို့ မမေ့ပါနဲ့ဦးနော်။  

လင်းချစ် (Voting Number – X01) က အမွန်းသီဆိုထားတဲ့ “အပူငြိမ်းကြပါစေ” သီချင်း ကို သီဆိုသွားခဲ့ပါတယ်။ ဒီသီချင်းက သူမရဲ့လက်ရှိအခြေအနေနဲ့ တိုက်ဆိုင်မှု ရှိနေပြီးတော့ အပြင်မှာ မလုပ်ဖြစ်တဲ့ ပုံစံမျိုးကို သီချင်းနဲ့ ပုံဖော်သီဆိုသွားခဲ့တာပဲဖြစ်ပါတယ်။

G Mine Nar (Voting Number – X10) က “တစ်ခါက Rock & Roll” သီချင်းကို အားရပါးရ သီဆိုဖျော်ဖြေခဲ့ပါတယ်။ သီဆိုသွားခဲ့ပါတယ်။ သူ့ကို အသည်းကွဲစေခဲ့တဲ့ ကောင်မလေးကသာ ဒီသီချင်းလေးကို နားထောင်ဖြစ်ခဲ့မယ် ဆိုရင် ….. ???

David Derrick (Voting Number – X11) ကတော့ နီနီခင်ဇော် သီဆိုထားတဲ့ “လေယာဉ်ပျံ” သီချင်းကို ပရိတ်သတ် အားပေးမှုများနှင့်အတူ သပ်သပ်ရပ်ရပ် သီဆိုတင်ဆက်သွားခဲ့ပါတယ်။ Dance week မို့ သီဆိုရင်း ကပြပုံလေးကလည်း ချစ်စရာကောင်းပြီး ကြည့်ကောင်းပါတယ်။  

သဲထူး (Voting Number – X02) က "လူဦးရေသန်းပေါင်းခြောက်ထောင်ထဲကအချစ်" သီချင်းကို Performance ကောင်းကောင်းနဲ့ သီဆိုသွားနိုင်ခဲ့ပါတယ်။ တကယ့်ကို မမျှော်လင့်ထားတဲ့ တင်ဆက်မှုမျိုးနဲ့ တင်ဆက်ပြသခဲ့ပါတယ်။ ပရိတ်သတ်များကလည်း အားပေးကြပါဦး။

Oxygen (Voting Number – X06) အဖွဲ့က “အမုန်းမျက်လုံး” သီချင်းကို နေမကောင်းတဲ့ကြားက အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး သီဆို ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အမှားအယွင်း နည်းနည်းလေး ရှိတယ် ဆိုပေမဲ့ အကောင်းဆုံး ကြိုးစားခဲ့တာကြောင့် အသိအမှတ် ပြုပေးစေချင်ပါတယ်။

မယ်လိုဒီခေါင် (Voting Number – X08) ကတော့ သူမရဲ့ သားလေးအတွက် ကြိုးစားနေပြီး “No Money No Love” ဆိုတဲ့ သီချင်းလေးကို လှလှပပလေးပဲ ကပြသီဆိုသွားခဲ့ပါတယ်။ “ပိုက်ဆံမရှိရင် အချစ်မရှိဘူးတဲ့ကွယ်” ဆိုတဲ့ သီချင်းစာသားကလည်း တကယ်ပဲ ရင်ထဲ ရောက်ခဲ့ပါတယ်။ သူမကိုလည်း အားပေးကြပါဦးနော်။

ပရိတ်သတ်များအနေနဲ့ မဲပေးတဲ့အခါ MPT – 8606, Telenor – 6666, Ooredoo – 6002 နံပါတ်များကို ပြိုင်ပွဲဝင်များရဲ့ ကုဒ်နံပါတ်တစ်ခုတည်းကိုသာ ရိုက်နှိပ်ပြီး SMS ပေးပို့ပေးရမှာပဲ ဖြစ်ပါတယ်။ online ကနေ မဲပေးချင်တယ်ဆိုရင်တော့ https://apps.facebook.com/forevergroup/the-x-factor-myanmar-2017-voting မှာ မဲပေးနိုင်ပါတယ်။ facebook online account (one account >>> one vote) နှင့် SIM card တစ်ကဒ်ဆို (ဖုန်းနံပါတ် တစ်ခု) ဆိုလျှင် မဲတစ်စောင်သာ ပေးခွင့်ရှိတယ်ဆိုတာကိုလည်း မမေ့ပါနဲ့နော် ….

သာယာပျော်ရွှင်သော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင် … <3 <3 <3  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။