မင်းသမီးမိုးယုစံတစ်ယောက်တော့ မိသားစုနဲ့အတူ My Dream Photo Shooting မှာ Noblebaby ကလေး (Diapers) ကြော်ငြာရိုက်ကူးနေတာပဲဖြစ်ပါတယ်။ သူမရဲ့ခင်ပွန်း စွမ်းသူမိုး နဲ့ သားလေး Austin တို့နဲ့အတူရိုက်ကူးနေတာပဲဖြစ်ပါတယ်။ ကြည်နူးစရာ မိသားစု ပုံရိပ်လေးက ပေါ်လွင်နေပါတယ်။

August လမှာမွေးဖွားခဲ့လိုသားလေးကို Austin လို့ ချစ်စနိုးနဲ့မှည့်ပေးခဲ့ပါတယ်။ ဒီနာမည်နဲ့ ပက်သက်လို့လဲ ပရိတ်သတ်တစ်ချို့ကဝေဖန်မှုတွေရှိတဲ့အပေါ် မိုးယုကတော့ မိခင် တစ်ယောက်အနေနဲ့ သားသမီးကိုအကောင်းဆုံးကာကွယ်သွားတာကိုလဲတွေ့ရပါတယ်။ သူမရ့ကိုယ်အလေးချိန်မြင့်တက်လာတာကိုတော့ ကလေးငယ်သေးတာကြောင့် ချဖို့စိတ်ကူး မရှိသေးဘူးလို့ဆိုပါတယ်။ မိခင်မေတ္တာကို အလှအပတွေကလဲ မဆွဲဆောင်နိုင်ပါဘူး။

ဒီနေ့ 21.9.2017 မှာတော့ မိုးယုက သူမရဲ့ခင်ပွန်း ချစ်စဖွယ်သားလေးနဲ့အတူ ကလေး (Diapers) ကြော်ငြာကိုရိုက်ကူးပေးနေတာပဲဖြစ်ပါတယ်။ သူမရဲ့ချစ်စဖွယ်သားလေး Austin ကတော့ မိုးယုနဲ့ချွတ်စွတ်ပါပဲ ပရိတ်သတ်ကြီးရေ။ အဖေချော အမေချောမို့ သားလေးကလဲ တကယ်ကို ချစ်စရာကောင်းလှပါတယ်။ မိုးယုတို့မိသားစုရဲ့ ပျော်ရွှင်စရာပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးလဲ မြင်တွေ့နိုင်အောင် မျှဝေပေးလိုက်ပါတယ်နော်။

Source from Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။