အသံချိုချို အပြုံးချိုချိုလေးနဲ့ ပရိတ်သတ်အချစ်ကိုပိုင်ဆိုင်ထားတဲ့ အဆိုတော်သရုပ်ဆောင် နန်းစုရတီစိုးကတော့ သူငယ်ချင်းရဲ့မင်္ဂလာပွဲမှာ သတို့သမီးအရံအဖြစ်ကူညီပေးရင်း ခရမ်းရောင်ဝတ်စုံလေးနဲ့ အရမ်းကိုကျက်သရေရှိနေပါတယ်။ သူမနဲ့အတူ ဧငြိမ်းဖြူကိုလဲ တွေ့ရပါသေးတယ်။ နှစ်ယောက်လုံးက ခရမ်းရောင်ဝတ်စုံလေးတွေနဲ့ အရမ်းကို မြန်မာ ဆန်ဆန် ကျက်သရေရှိရှိ လှနေပါတယ်။

သူမကလတ်တလောမှာ “ ရူးအောင်ချစ်ရသူ ” သီချင်းနဲ့ ပရိတ်သတ်တွေကြားမှာ ရေပန်းစားနေသူလေးပေါ့။ အမြဲတမ်းချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ချစ်စဖွယ်ပြုံးတတ် တဲ့ သူမရဲ့ပုံရိပ်လေးတွေကိုလဲ ပရိတ်သတ်ကြီးမြင်တွေ့ရမှာပါ။ သူမရဲ့အချစ်ရေးနဲ့ ပက်သက်လို့ ပရိတ်သတ်ကို အတိအလင်းအသိမပေးသေးပေမယ့် သူမနေမကောင်းတဲ့အချိန် ချစ်သူရဲ့ ဂရုတစိုက် ကြင်ကြင်နာနာရှိတဲ့ ကဗျာဆန်ဆန်စာလေးကို သူမရဲ့ Instagram ပေါ်မှာ တင်ခဲ့ပါသေးတယ်။ ပရိတ်သတ်တွေတောင် ကြွေဆင်းသွားတဲ့ စကားလုံးအနုအရွလေးတွေပါပဲ။

လက်ရှိအချစ်ရေးကတော့ စိတ်ချမ်းသာရပါတယ်လို့ သူမက Interview တစ်ခုမှာ ဖြေခဲ့ ပါသေးတယ်။ သူမရဲ့ယနေ့ Fashion ကတော့ Purple ပါပဲ ပရိတ်သတ်ကြီးရေ။ ခရမ်းရောင် မင်းသမီးလေး နန်းစုကတော့ တကယ့်ကိုနန်းဆန်နေပါတယ်။ သတို့သမီးအရံလေးနန်းစုရဲ့ ချစ်စရာကောင်းတဲ့ မြန်မာဆန်ဆန်အလှပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးလဲ မြင်တွေ့ ရအောင် မျှဝေပေးလိုက်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။