မနေ့ကယှဉ်ပြိုင်ကစားကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းဟာ ဘန်လေအသင်းကို ၃ ဂိုး - ဂိုးမရှိရလဒ်နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းဟာ ပွဲစဉ် ၉ ပွဲကန်ထားပြီးချိန်မှာတော့ ရမှတ် ၂၅ နဲ့ အဆင့် ၁ နေရာမှာ ဦးဆောင်နေတာလည်းဖြစ်ပါတယ်။အဆင့် ၂ နေရာက မန်ယူအသင်းကို ၅ မှတ် ဖြတ်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဘန်လေအသင်းဟာ ၉ ပွဲကစားထားပြီးချိန်မှာ ရမှတ် ၁၃ မှတ်နဲ့ အဆင့် ၉ နေရာမှာ ရှိနေတာလည်းဖြစ်ပါတယ်။ 

မန်စီးတီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ အဂူရို၊ ဆာနေး၊ ဘာနန်ဒိုဆေးဗာလ်း၊ ဒေးဗစ်ဆေးဗာလ်း ၊ ဒီဘရူနီ၊ ဖာနန်ဒင်ဟို တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဘန်လေအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဟန်ဒရစ်၊ ခရစ်ဝုဒ် ၊ အာဖီးလ်း ၊ ဂျာကော့ ၊ ဒီဖော၊ ဘရက်ဒီ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဘန်လေအသင်းဟာ အသင်းကြီးအများစုကို ဒုက္ခပေးနိုင်ခဲ့ပေမဲ့ ဒီနေ့ပွဲမှာတော့ မန်စီးတီးအသင်းရဲ့ ထိုးဖောက်ကစားမှုကြောင့် ဘန်လေအသင်း ခံစစ်မှာပဲ အချိန်ကုန်ခဲ့ရတာလည်းဖြစ်ပါတယ်။

မန်စီးတီးအသင်းအတွက် အဖွင့်ဂိုးကို မိနစ် ၃၀ မှာ ပယ်နယ်တီကနေတဆင့် အဂူရို က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းပြီးဆုံးချိန်အထိ မန်စီးတီးအသင်း ၁ ဂိုး အသာနဲ့ ဦးဆောင်နေခဲ့ပါတယ်။၇၃ မိနစ်မှာတော့ အော်တာမန်ဒီက မန်စီးတီးအသင်းအတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။နောက်နှစ်မိနစ်အကြာမှာပဲ မန်စီးတီးအသင်းအတွက် နောက်ဆုံးဂိုးကို ဆာနေးက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။