သူတို့(၃)ယောက်ကို သင်္ကြန်သီချင်းလေးတွေတိုင်းမှာ တွေ့ရသလို အပြင်မှာလည်း အရမ်းခင်ကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေဖြစ်ပုံရပါတယ်။

အဆိုတော် ဒီယံ ၊ဟဲလေး နဲ့ ဝေလျှံ တို့(၃)ယောက်လုံးဟာ သားယောကျာ်းလေးမွေးထားတဲ့ ဖေဖေတွေဖြစ်ကြပြီး သူတို့ရဲ့ ပျော်ရွှင်တဲမိသားစုဘကိုယ်စီနဲ့ ဖြတ်သန်းနေတာဖြစ်ပါတယ်။

ပရိသတ်အခိုင်အမာအားပေးကြတဲ့ ကွီး(၃)ယောက် ရဲ့ သီချင်းလေးတွေကလည်း လူငယ်ထုကြားမှာ ရေပန်းစားခဲ့တာဖြစ်ပါတယ်။

ဒက်ဒီဟဲလေးလို့ ပရိသတ်တွေသိကြတဲ့ အဆိုတော် ဟဲလေးကတော့ အိမ်ထောင်ကျတာကြာပြီဖြစ်ပြီး သားနှစ်ယောက်ကတော့ ကျောင်းနေအရွယ်တောင်ရောက်နေကြပါပြီ။

ရက်(၁)ရက်သာခြားပြီးမွေးတဲ့ အဆိုတော်ဝေလျှံနဲ့ ဒီယံတို့ရဲ့ ဇနီးချောလေးတွေကလည်း ယခုလအတွင်း သားယောကျာ်းလေးမွေးထားတာဖြစ်ပါတယ်။

ဟစ်ဟော့အဆိုတော် ဝေလျှံကတော့ သူ့ရဲ့ဇနီးဖြစ်သူဟာ အောက်တိုဘာလ(၂၁)ရက်နေ့က မြောက်ဒဂုံပင်လုံဆေးရုံမှာ အမွှာယောကျာ်းလေး နှစ်ဦးမွေးဖွားခဲ့ပြီး ဖေဖေဖြစ်သွားပါပြီ။

အဆိုတော် ဒီယံ ရဲ့ဇနီးချောလေးကတော့ မြောက်ဒဂုံပင်လုံဆေးရုံမှာ သားယောကျာ်းလေးတစ်ဦးမွေးဖွားခဲ့လို့ ပျော်ရွှင်နေကြပါတယ်။

ပရိသတ်ကြီးရေ သားရှင်တွေဖြစ်သွားကြတဲ့ သူတို့(၃)ယောက်ကို ယောက္ခမတော်ချင်သူတွေရှိလား..  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။