ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေဂိုတို့ရဲ့ မင်္ဂလာပွဲကုန်ကျစရိတ်များ ထွက်ပေါ်လာခဲ့ပါတယ်..။ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေဂိုတို့ရဲ့ မင်္ဂလာပွဲကို တောင်ကိုရီးယားပရိသတ်များသာမက အာရှပရိသတ်တွေပါ စိတ်ဝင်တစားစောင့်ကြည့်နေကြတာဘဲ ဖြစ်ပါတယ်..။ မကြာသေးခင်ရက်ပိုင်းလောက်ကလည်း သူတို့ရဲ့ မင်္ဂလာဖိတ်စာ ထွက်ပေါ်လာခဲ့ပါတယ်..။ အခုတစ်ခါမှာတော့ သူတို့မင်္ဂလာပွဲရဲ့ ကုန်ကျစရိတ်များ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်..။

တရုတ်မီဒီယာတစ်ခုရဲ့ ဖော်ပြချက်အရ အခြားကုန်ကျစရိတ်တွေမပါဝင်ဘဲ ခန်းမကျန်ကျစရိတ်တစ်ခုတည်းတင် ကိုရီးယားငွေ ဝမ်(ရ၅)သန်းရှိပြီး အမေရိကန်ဒေါ်လာ (၆၅,၂၀၀) ကုန်ကျတယ်လို့ သိရပါတယ်..။ ဒါဟာ ခန်းမစရိတ်ပေမယ့်လည်း အခြား အစားအသောက် နှင့် ဝန်ဆောင်မှုတွေ မပါသေးဘဲ ခန်းမစရိတ်ချည်းသက်သက်ရဲ့ ကုန်ကျစရိတ်သာ ဖြစ်ပါတယ်..။ အစားအသောက်၊ Sound၊ System နဲ့ အခြားကုန်ကျစရိတ်တွေပါထည့်ပေါင်းရင်တော့ ကိုရီးယားငွေ ဝမ်(၉၄)သန်း ရှိပြီး အမေရိကန်ဒေါ်လာ(၈၁,၇၀၀) လောက်ကုန်ကျနိုင်တယ်လို့ သိရပါတယ်..။ မင်္ဂလာပွဲကို တောင်ကိုရီယားနိုင်ငံ ဆိုးလ်မြို့မှာရှိတဲ့ ရှီလာဟိုတယ် Yeong Bin Gwan ခန်းမမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်..။

ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေဂိုတို့ဟာ သူတို့ရဲ့ မင်္ဂလာပွဲအတွက် အခြားလုပ်ရှင်များရဲ့ ကမ်းလှမ်းမှုတွေကိုလည်း ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်..။ မင်္ဂလာပွဲကိုတော့ နှစ်ဖက်မိဘဆွေမျိုးအသိုင်းအဝိုင်းနဲ့ ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်း နှင့် အနုပညာရှင်အသိုင်းအဝိုင်းလောက်ကိုသာ ဖိတ်ကြားထားတယ်လို့ သိရပါတယ်..။ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေဂိုတို့ရဲ့ လက်ထက်မင်္ဂလာပွဲကိုတော့ လာမယ့် အောက်တိုဘာ(၃၁)ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်..။ သူတို့ရဲ့ မင်္ဂလာပွဲဟာ တကယ်ကို ခမ်းနားကြီးကျယ်မယ်လို့ ပရိသတ်တွေကတော့ မျှော်လင့်နေကြပါတယ်..။

Source - Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။