သရုပ်ဆောင် မင်းသမီးသွန်းဆက်ဆိုရင် ပရိတ်သတ်တွေရင်းနှီးပြီးသား ဖြစ်ကြမှာပါ။ သူမရဲ့ချစ်စရာကောင်းတဲ့သွင်ပြင်နဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့် ပရိတ်သတ် အခိုင်အမာ ရရှိထားတာလည်းဖြစ်ပါတယ်။ ၀၀ကစ်ကစ်လေးနဲ့ ချစ်စရာသွန်းဆက်တစ်ယောက်ကတော့ သီလရှင်ဝတ်ပြီးနောက်ပိုင်း ကတုံးဆံပင်ပေါက်လေးနဲ့လဲ တစ်မျိုးဆန်းပြီး ချစ်စရာကောင်း နေတာပါပဲ။ လှတဲ့သူကဘယ်လိုနေနေ လှတယ်ဆိုတာမျိုးပေါ့။

သူမက Video ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေရပြီး ဒီနေ့ October 22 မှာဆိုရင်တော့ သူမနဲ့အတူ ဝါရင့်သရုပ်ဆောင်များ ပါဝင်ရိုက်ကူးတင်ဆက်ထားတဲ့ “ မယားကြောက်ရွာ ” ဆိုတဲ့ ရုပ်ရှင်ကားကြီးကတော့ သမ္မတရုံမှာရုံတင်ပြသလိုက်ပြီဖြစ်ပြီး သူမကလဲ တက်ရော က်ခဲ့ပါတယ်။ ပီပြင်တဲ့သရုပ်ဆောင်ကွက်တွေနဲ့ ပရိတ်သတ်တွေမရိုးရအောင် အမြဲတင်ဆက် နေသူလေးပေါ့။

သူမသရုပ်ဆောင်ထားတဲ့ Video ဇာတ်ကားဖြစ်တဲ့ “ အထီးမှုန် ” နဲ့ “ အမမှုန် ” ဇာတ်လမ်းတွဲတွေဟာဆိုရင် ပရိတ်သတ်တွေကြားမှာ အကြီးအကျယ်ရေပန်းစားသွားတဲ့ ဇာတ်ကားတွေပါပဲ။ မကြည့်ရသေးတဲ့ပရိတ်သတ်ကြီးလဲ အမြန်ဆုံးငှားကြည့်လိုက်နော်။ တကယ်ကိုသဘောကျစေမယ့် ဟာသဇာတ်မြူးလေးပါပဲ။ လတ်တလောတော့ သန်လျှင်မှာ ဒါရိုက်တာရာဇဝင်ကိုရိုက်ကူးထားတဲ့ ပါမွှားဆိုတဲ့ Video ဇာတ်ကားကို ရိုက်ကူးနေတာပဲဖြစ်ပါတယ်။ ပရိတ်သတ်ကြီးအတွက် Behind The Scene ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Photo Source from Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။