ရှမ်းရိုးမဆီဦးတည်နေပြီဖြစ်တဲ့မြန်မာနေရှင်နယ်လိဂ်ဖလားကြီး


မြန်မာနေရှင်နယ်လိဂ်ဆုဖလားကြီးကတော့ရှမ်းရိုးမတောင်တန်းတွေဆီတဖြည်းဖြည်းရွေ့လျားနေပြီလို့ဆိုရမှာပါ။ရတနာပုံကို

အသင်းကိုမန္တလာမြေမှာသုံးဂိုးနှစ်ဂိုးနဲ့အနိုင်ယူပြီးနောက်မှာတော့ရှမ်းဟာနေရှင်နယ်လိဂ်ရဲ့ပထမဆုံးချန်ပီယံဖြစ်ဖို့

အလေးသာသွားပါပြီ။နေရှင်နယ်လိဂ်ပြီးဆုံးဖို့တစ်ပွဲပဲလို

တော့ပြီးရှမ်းဟာတောင်ကြီးကွင်းမှာဟံသာဝတီကို

ရင်ဆိုင်ကစားရမှာပါ။


ဟံသာဝတီကလည်းလတ်တလောခြေစွမ်းအရအဆိပ်မရှိတာကြောင့်ရှမ်းချန်ပီယံဖြစ်ဖို့သေချာသလောက်ရှိနေပြီ

လို့ဆိုလိုက်ပါရစေ။ရှမ်းဟာအနီးကပ်ဆုံးကပ်လိုက်နေတဲ့

ရန်ကုန်ကိုအသာရစေဖို့ရတနာပုံကိုမဖြစ်မနေအနိုင်ကစား

ရမှာဖြစ်လို့ပွဲစကတည်းကဖိကစားခဲ့ပါတယ်။ချန်ပီယံဆုတွေ

လက်လွတ်ခဲ့ရတဲ့ရတနာပုံကတော့ဖိအားတွေအောက်မှာရောက်ရှိနေခဲ့ပါတယ်။ပွဲစကတည်းကဖိကစားခဲ့တဲ့ရှမ်းဟာ

ရတနာပုံအသင်းကိုဒွေးကိုကိုချစ်ရဲ့ဦးဆောင်ဂိုးနဲ့စတင်ဦး

ဆောင်နိုင်ခဲ့ပါတယ်။


ဒါပေမယ့်ဝင်းနိုင်စိုးဝင်လာပြီးကစားကွက်ပြောင်းလဲခဲ့တဲ့

ရတနာပုံဟာရှမ်းကိုပြန်လည်ဖိကစားနိုင်ခဲ့ပြီးပက်ထရစ်

ချေပဂိုးပြန်သွင်းခဲ့ပါတယ်။ချေပဂိုးပေးလိုက်ရတဲ့အတွက်ရှမ်း

ပြာသွားပါတယ်။ဒါပေမယ့်ဝါရင့်တိုက်စစ်မှူးစိုးမင်းဦး

ဦးဆောင်လာတဲ့ရှမ်းဟာရတနာပုံနောက်တန်းကို

အကောင်းဆုံးဖိကစားခဲ့ပြီးရတနာပုံဂိုးသမားပြည့်စုံချစ်ရဲ့

အတွေ့အကြုံအားနည်းမှုကိုအခွင့်ကောင်းယူပြီး

စိုးမင်းဦးပဲဒုတိယဂိုးထပ်သွင်းပေးခဲ့ပါတယ်။တတိယ

ဂိုးကိုလည်းရှမ်းတိုက်စစ်မှူးခရစ္စတိုဖာကနောက်ပေါက်နဲ့လှလှပပကန်သွင်းယူခဲ့ပါတယ်။ရတနာပုံကမိနစ်ကိုးဆယ်ပြည့်ခါနီးမှဒုတိယချေပဂိုးထပ်သွင်း

ခဲ့ပေမယ့်လည်းပွဲအပြီးမှာသုံးဂိုးနှစ်ဂိုးနဲ့ရှမ်းနိုင်သွားပါတယ်။

Source-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။