ယခုလက်တစ်လောမှာနှုတ်ခမ်းနီမလေးတွေအသဲစွဲFirst Yearကျောင်းသားလေးပိုင်တံခွန်ရဲ့ကျောင်းသွားတက်တဲ့

ပုံရိပ်လေးတွေဟာပရိသတ်တွေကြားရေးပန်းစားနေခဲ့ပါတယ်။ချစ်စရာအပြုံးပိုင်ရှင်ပိုင်တံခွန်ရဲ့ကျောင်းတက်ဖက်ရှင်အဖြစ်လည်ကတုံးအကျီ ၤလေးနဲ့ပုဆိုးလေး ဝတ်ဆင်ခဲ့တာကြောင့်နှုတ်ခမ်းနီမလေးတွေရဲ့ရင်ကိုပိုမိုလှုပ်ခတ်စေခဲ့ပါတယ်။ပိုင်တံခွန်ရဲ့ကျောင်းသွားတက်ခဲ့တဲ့ပုံရိပ်လေးတွေကိုလဲသူရဲ့လူမှုကွန်ယက်ဖေ့ဘွတ်မှာမျှဝေခဲ့တာကြောင့်ပရိသတ်တွေကိုအချစ်ပိုစေခဲ့တာပဲဖြစ်ပါတယ်။ 

သရုပ်ဆောင်ပိုင်တံခွန်ဟာ ကျောင်းစတက်တဲ့နေ့မှာ မိန်းကလေးပရိသတ်(၄)ယောက်နဲ့ပတ်သက်ပြီးအနေခက်စရာကိစ္စလေးတွေကြုံခဲ့ရပါတယ်။ကျောင်းစာသင်ခန်းထဲမှာမိန်းကလေးပရိသတ်(၄)ယောက်ရဲ့ချွေးဝိုင်းသုတ်ပေးတဲ့အပြုအမူလေးတွေကြောင့်အနေခက်စေခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီကိစ္စလေးနဲ့ပတ်သက်ပြီးပရိသတ်ညီမငယ်(၄)ယောက်ကိုပိုင်တံခွန်ဟာသူရဲ့လူမှုကွန်ယက်မှာတင်ခဲ့ဲတဲ့ဓာတ်ပုံလေးအောက်မှာCommentရေးပြီးသတိပေးအကြုံပြုခဲ့တာပဲဖြစ်ပါတယ်။လက်ရှိမှာအဲ့လိုသတိပေးအကြံပြုCommentလေးရေးမိတဲ့အတွက်ပရိသတ်တစ်ချို့ရဲ့ဝေဖန်မှုတွေခံနေရတာပဲဖြစ်ပါတယ်။ပိုင်တံခွန်ဟာရိသတ်တွေရဲ့ဝေဖန်မှုအပေါ်အခုလိုပဲပြောပြပေးခဲ့ပါတယ်။

"အဲ့ဒီCommentလေးကိုညီမငယ်လေးတွေအတွက်အကြုံပြုချင်တာကြောင့်တင်ခဲ့တာပါ။ကျွန်တော်အနေနဲ့လဲ ရေးသင့်တယ်ထင်လို့ရေးခဲ့တာပါ။ပရိသတ်တွေနဲ့တွေ့ဆုံတဲ့ပွဲမဟုတ်ပဲကျွန်တော်ကျောင်းသားတစ်ယောက်အနေနဲ့ကျောင်းလာတက်တာပါ။အဲ့လိုPublic Area

ကျောင်းခန်းထဲမှာဖြစ်တဲ့အတွက်လုံးဝမသင့်တော်လို့ခုလိုရေးလိုက်တာပါ။အဲ့လိုရေးတာကလဲကျွန်တော်Postတစ်ခုအနေနဲ့တင်ခဲ့တာမဟုတ်ပဲကျွန်တော့်ဓာတ်ပုံအောက်မှာCommentအနေနဲ့ပဲရေးခဲ့တာပါ။ဒီလိုရေးခဲ့တာဟာလဲဒီညီငယ်မ(၄)ယောက်ကိုအရှက်ကွဲနစ်နာစေတဲ့သဘောမျိုးလုံးဝမပါပါဘူး။သူတို့ဘယ်သူဘယ်ဝါဆိုတာလဲမသိသလိုByNameတပ်ပြီးရေးခဲ့တာမဟုတ်ပဲကျွန်တာ်ပရိသတ်တွေဖြစ်တဲ့အတွက်ကျွန်တော်ဓာတ်ပုံကိုဝင်ကြည့်ရင်Commentမှာရေးထားတဲ့စာလေးကိုမြင်စေချင်လို့ရေးခဲ့တာပါ။

ကျွန်တော်ကိုချစ်တဲ့ပရိသတ်တွေကိုကျွန်တော်လဲချစ်ပါတယ်။ခုလိုမျိုးချစ်ခင်ပေးတာလဲဝမ်းသာပါတယ်။ကျောင်းခန်းထဲမှာကျတော့ကျောင်းသားကျောင်းသူတွေလဲရှိမယ်ဆရာဆရာမတွေလဲရှိမယ်။ခုလိုကျောင်းစာသင်ခန်းထဲမှာအရမ်းဂရုစိုက်တာချွေးသုတ်ပေးတာကျတော့ကျွန်တာ်ကိုလဲလူတွေပိုအမြင်ကပ်စေနိုင်သလိုဒီညီမငယ်တွေကိုလဲဘယ်လိုမိန်းကလေးတွေလဲဆိုပြီးမြင်သွားနိုင်ပါတယ်။အဲ့လို၂ဦး၂ဖက်မကောင်းဖြစ်စေတဲ့အရာတစ်ခုဖြစ်တာကြောင့်ကျွန်တော့်အနေနဲ့ပြောသင့်တယ်ထင်လို့ရေးခဲ့တာဖြစ်ပါတယ်။အဲ့ဒီညီမငယ်၄ယောက်ထဲက၂ယောက်ကလဲကျွန်တော်ရေးထားတဲ့စာကိုတွေ့ပြီးသူတို့လဲအဲ့လောက်ထိမတွေးမိလို့ပါဆိုပြီးခုလိုပြောပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ပြောပါတယ်။ကျန်တဲ့ညီမငယ်၂ယောက်လဲသိလောက်ပြီထင်လို့ကျနော်Comment ကိုဖျက်လိုက်ပါတယ်။အဓိကကကျွန်တော်ပရိသတ်ညီမငယ်လေးတွေကိုမြင်စေချင်လို့အကြံပေးရေးသားခဲ့တာဖြစ်ပြီးကျန်တဲ့ရည်ရွှယ်ချက်လုံးဝမပါပါဘူး ပရိသတ်ကြီး"  လို့ပြောပြခဲ့တာပဲဖြစ်ပါတယ်။ 

သတင်းအရင်းအမြစ် - ပိုင်တံခွန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။