ပထမဆုံးအနေဖြင့် Group Song ကို “Uptown Funk” သီချင်းကို မြိုင်မြိုင်ဆိုင်ဆိုင် သီဆိုသွားခဲ့ပါတယ်။ ပြိုင်ပွဲဝင်တွေအားလုံး ချစ်ချစ်ခင်ခင် သီဆိုကပြနေပုံကလည်း တကယ့်ကို ချစ်စရာကောင်းလှပါတယ်။ ခဏနေ ကြေငြာမဲ့ Result ကို သိရတဲ့အခါ ပြိုင်ပွဲဝင်ထဲမှ တစ်ယောက်က မဖြစ်မနေ အိမ်ပြန်နှုတ်ဆက်ရမှာကတော့ စိတ်မကောင်းစရာပါ။

ဧည့်သည်အဆိုတော် Leo မှ သီချင်းနှစ်ပုဒ်နှင့် ကပြဖျော်ဖြေပြီးနောက် Voting Result တွေ ကြေငြာနိုင်ရန်အတွက် ကိုစည်သူလွင်နှင့် Over Category၊ ကိုဇဝါနှင့် Group Category၊ မဇမ်နူးနှင့် Girl Category ၊ မငယ်ငယ်နှင့် Boy Category တို့ အားလုံးကို စင်မြင့်ထက်သို့ ဖိတ်ကြားပြီးနောက် Result တွေကို ကြေငြာခဲ့ပါတယ်။

ပထမဦးဆုံးတစ်ယောက်အနေဖြင့် သဲထူး မှ အောင်မြင်စွာ နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ ထို့နောက် မယ်လိုဒီခေါင်၊ ကျော်ဇင်သန့်၊ G Mine Nar၊ Oxygen၊ David Derrick၊ Purity တို့အား ထပ်မံကြေငြာခဲ့ပြီး နောက်ထပ်တစ်ဆင့်ကို တက်ရောက်ဖို့ အခွင့်အရေးကို သူတို့ အားလုံးမှ လွတ်လွတ်ကျွတ်ကျွတ်ပဲ ရရှိခဲ့ပြီ ဖြစ်ပါတယ်။ 

ဒီတစ်ပတ်အတွက်ကတော့ လင်းချစ် နှင့် ယမုံတို့မှ Bottom ထိုင်ခဲ့ရပြီး လင်းချစ်ကတော့ ကေအေတီ ရေးစပ်ထားသော “အလွမ်း” သီချင်းကို သီဆိုခဲ့ပါတယ်။ ယမုံကတော့ “ကိန္ဒရာချောင်းခြား အမှာစကား” သီချင်း ကို ခံစားချက် အပြည့်နဲ့ သီဆိုသွားခဲ့ပါတယ်။

ဇမ်းနူးနှင့် မငယ်တို့က အိမ်ပြန်ရမဲ့သူကို လင်းချစ်ကို ရွေးချယ်ခဲ့ပြီး ဇဝါနှင့် ကိုစည်သူတို့မှ ယမုံကို အိမ်ပြန်လွှတ်ဖို့ ရွေးချယ်ခဲ့တာမို့ နှစ်မဲတူ အနေနှင့် ပရိတ်သတ်များ အားလုံးပေးပို့ထားတဲ့ မဲအရေအတွက်နှင့်သာ အပြည့်အဝ သက်ဆိုင်သွားပါတယ်။ နောက်ဆုံးမှာတော့ ပရိတ်သတ်ကြီးရဲ့ မဲပေးမှုနှင့်အတူ ယမုံ က နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ 

Bottom ထိတဲ့ ပြိုင်ပွဲဝင်နှစ်ယောက်စလုံးက ကိုစည်သူလွင်ရဲ့ Overs Category အဖွဲ့ထဲကပဲ နှစ်ယောက်ဖြစ်တာကြောင့် ကိုစည် အိမ်ပြန်လွှတ်မဲ့သူ ရွေးချယ်ရတာ တကယ်ပဲ ခက်ခဲမယ် ဆိုတာ အသေအချာပါပဲ။ အားလုံးကို နှုတ်ဆက်သွားရတယ် ဆိုပေမဲ့ ပရိတ်သတ်တွေက အမြဲတမ်း မှတ်မိနေမှာပါ လင်းချစ်ရေ …

နောက်တစ်ပတ်မှာတော့ ပြိုင်ပွဲဝင် ၈ ယောက်က Halloween Theme နဲ့ ယှဉ်ပြိုင်မှာ ဖြစ်တာကြောင့် မျှော်လင့်စောင့်စားရင်း အားပေးကြပါဦးလို့ … အားလုံးပဲ သာယာပျော်ရွှင်သော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင် … <3 <3 <3  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။