မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အိမ်ရှင်အဲဗာတန်အသင်းကို အာဆင်နယ်အသင်းက ၅ ဂိုး ၂ ဂိုး နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒါဟာအာဆင်နယ်အသင်းအတွက် ယခုနှစ်ပရီးမီးယားလိဂ်ရာသီရဲ့ ပထမဆုံးအဝေးကွင်းနိုင်ပွဲရရှိခဲ့တာလည်းဖြစ်ပါတယ်။အဲဗာတနိအသင်းဟာ ပွဲစဉ် ၉ ပွဲကစားထားပြီချိန်မှာတော့ ရမှတ် ၈ မှတ်နဲ့ အဆင့် ၁၈ နေရာမှာရပ်တည်နေတာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ ပွဲစဉ် ၉ ပွဲကစားထားပြီးချိန်မှာ ရမှတ် ၁၆ မှတ် နဲ့ အဆင့် ၅ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။ 

အဲဗာတန်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ရွန်နေ၊ လီဝင်၊ ကန်နီ၊ ဆီဂတ်ဆန်၊ ဗလာဆစ်၊ ဂါနာ၊ လစ်တိန်ဘိန်း တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ လာကာဇတ်တီ၊ ရမ်ဆေး၊ ဆန်းချက်၊ အိုဇေလ်း၊ ဇာခါ၊ ကိုလာစီနက်၊ ဘယ်လာရင် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အဲဗာတန်အသင်းဟာ ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီးနောက် အာဆင်နယ်ကစားကွက်အောက်ရောက်ရှိသွားခဲ့တာလည်းဖြစ်ပါတယ်။ 

အဲဗာတန်အသင်းအတွက် အဖွင့်ဂိုးကို ၁၂ မိနစ်မှာ ရွန်နေးက ကန်သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။မိနစ် ၄၀ မှာ မွန်ရီရယ်က အာဆင်နယ်အသင်းအတွက် ချေပဂိုးကိုပြန်လည်သွင်းယူပေးနိုင်ခဲ့ပါတယ်။၅၃ မိနစ်မှာ အိုဇေလ်းရဲ့ ခေါင်းတိုက်ဂိုးနဲ့ အာဆင်နယ်အသင်းဦးဆောင်ဂိုး ပြန်လည်ရရှိခဲ့ပါတယ်။၇၄ မိနစ်မှာ လာကာဇတ်တီက အာဆင်နယ်အသင်းအတွက် တတိယဂိုးသွင်းယူပေးခဲ့ပါတယ်။ရမ်ဆေးက မိနစ် ၉၀ မှာ အာဆင်နယ်အသင်းအတွက်လေးဂိုးမြောက်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။အဲဗာတန်အသင်းအတွက် ဒုတိယချေပဂိုးကို နီယက်စေးက (၉၀+၄) မိနစ်မှာ သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းအတွက် ပွဲသိမ်းဂိုးကိုတော့ ဆန်းချက်က (၉၀+၅) မိနစ်မှာ ကန်သွင်းယူပေးခဲ့ပါတယ်။အဲဗာတန်ကစားသမား ဂါနာ ဟာ ၆၈ မိနစ်မှာ ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။