မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ အီတလီစီးရီးအေပွဲစဉ်မှာ အေစီမီလန်အသင်းနဲ့ ဂျီနိုအာ အသင်းတို့ဟာ ဂိုးမရှိသရေရလဒ်နဲ့ ပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။အေစီမီလနိအသင်းဟာ နောက်ဆုံးပြိုင်ပွဲစုံ ငါးပွဲမှာ တစ်ပွဲသာအနိုင်ရရှိထားတာလည်းဖြစ်ပါတယ်။အေစီမီလန်အသင်းနည်းပြ မွန်တဲလာ ကတော့ ဖိအားတွေရှိနေတာဖြစ်ပြီး နည်းပြရာထူးကအနည်းလှုပ်ခက်လာခဲ့တာလည်းဖြစ်ပါတယ်။အေစီမီလန်အသင်းဟာ စီးရီးအေ ပွဲ ၉ ပွဲကစားထားပြီးချိန်မှာ ရမှတ် ၁၃ မှတ်နဲ့ အဆင့် ၁၁ နေရာမှာ ရှိနေတာလည်းဖြစ်ပါတယ်။

အေစီမီလန်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ကလီနစ်၊ ဆူဆို၊ ကေဟမ်နိုဂလူး၊ ဘိုရီနီ၊ ဘီဂလီယာ ၊ကတ်ဆီရီ၊ ဘိုနာဗန်ကျူရာ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဂျီနိုအာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဂါလာဘီနော့၊ တာရက်ဘ်၊ ဗီလိုဆို၊ ရော့ဆီ၊ ရီဂိုနီ၊ ဘာတိုလက်ချီ ၊ လာဇော့ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အေစီမီလန်အသင်းဟာ တစ်ယောက်လျော့နဲ့ ကစားခဲ့ရပြီး နှစ်ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့တာလည်းဖြစ်ပါတယ်။ 

အေစီမီလန်အသင်းရဲ့နောက်တန်းကစားသမား ဘိုနူချီ ၂၅ မိနစ်မှာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ကျန်ပွဲချိန်တွေမှာတော့ တစ်ယောက်လျော့နဲ့ ကစားခဲ့ရပြီး ပွဲကိုထိန်းချုပ်ကစားခဲ့တာလည်းဖြစ်ပါတယ်။အေစီမီလန်အသင်းဟာ ဂိုးပေါက် ခြိမ်းခြောက်မှု ၁၇ ကြိမ်လောက်ကန်သွင်းခဲ့ပေမဲ့ ဂျီနိုအာအသင်းရဲ့ နောက်တန်းနဲ့ ဂိုးသမားတွေက အမှားယွင်းမရှိကာကွယ်သွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒီနေ့ပွဲရဲ့အကောင်းဆုံးကစားသမားဆု Man of the match ကိုတော့ တောင်ပံတစ်လျှောက်ခြေစွမ်းပြနေခဲ့တဲ့ အေစီမီလန်ကစားသမား ဆူဆို ကရရှိခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။