မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ အီတလီစီးရီးအေပွဲစဉ်မှာ တိုရီနိုအသင်းကို ရိုးမားအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အဝေးကွင်းမှာ အနိုင်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ရိုးမားအသင်းဟာ ပြီးခဲ့တဲ့အပတ်က နာပိုလီအသင်းကိူ ရှုံးနိမ့်ထားခဲ့ပြီး ချန်ပီယံလိဂ်ပွဲမှာလည်း ချဲလ်ဆီးအသင်းနဲ့ သရေကျခဲ့တာလည်းဖြစ်ပါတယ်။တိုရီနိုအသင်းနဲ့ တွေ့ဆုံနေတဲ့ ဒီပွဲမှာတော့ နိုင်ပွဲပြန်လည်တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။ရိုးမားအသင်းဟာ တစ်ပွဲလျော့ကန်ထားပြီး ရမှတ် ၁၈ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရှိနေတာလည်းဖြစ်ပါတယ်။

တိုရီနိုအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ နီယန်း၊ ဆက်ဒီ၊ ဖယ်ကွယ်၊ လာဂျာဂျစ်၊ ဘယ်ဆယ်လီ၊ ရီကွန် တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ရိုးမားအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဒီဇီကို၊ ပယ်လီဂရီနီ၊ အယ်ရှာရာဝီ၊ နိုင်ဂိုလန်၊ စထရူးမန်း၊ ဒီရော့ဆီ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဘီလော့တီ မပါဝင်တဲ့ တိုရီနိုအသင်းရဲ့ တိုက်စစ်ဟာ သိသိသာသာအားနည်းခဲ့တာလည်းဖြစ်ပါတယ်။

ပထမပိုင်းပြီးဆုံးတဲ့အချိန်မှာ နှစ်သင်းစလုံးဟာ ဂိုးမရှိသရေရလဒ်နဲ့ ပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယပိုင်း ၆၉ မိနစ်အရောက်မှာ ရိုးမားအသင်းအတွက် နောက်တန်းကနေ ဂိုးတွေသွင်းယူပေးနေတဲ့ ကိုလာရော့က ရိုးမားအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဒီနေ့ပွဲရဲ့ အကောင်းဆုံးကစားသမားဆု Man of the match ကိုလည်း ကိုလာရော့ ကရရှိခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။