မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အိမ်ရှင်စပါးအသင်းဟာ လီဗာပူလ်းအသင်းကို ၄ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။စပါးအသင်းဟာ ပွဲစဉ် ၉ ပွဲကစားထားပြီးချိန်မှာ ရမှတ် ၂၀ နဲ့ အဆင့် ၃ နေရာမှာ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။စပါးအသင်းဟာ ယခုနိုင်ပွဲကြောင့် အဆင့် ၂ မှာရှိနေတဲ့ မန်ယူအသင်းနဲ့ ရမှတ်တူညီခဲ့ပြီလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းကတော့ ပွဲစဉ် ၉ ပွဲကစားထားပြီးချိန်မှာ ရမှတ် ၁၃ မှတ်သာရရှိထားပြီး အဆင့် ၉ နေရာမှာ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။ 

စပါးအသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ ဟာရီကိန်း၊ အလီ၊ အဲရစ်ဆင်၊ ဆွန်ယောင်မင်း၊ ထရစ်ပါ၊ ဟယ်ရီဝင့်ခ်၊ အော်ရီယာ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဆာလက်၊ ဖာမီနို၊ ကော်တင်ဟို၊ အမ်မရီကန်၊ ဟန်ဒါဆန်၊ ဂျိန်းမီနာ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။တိုက်စစ်အားပြိုင်တဲ့ ပွဲတစ်ပွဲဖြစ်တာနဲ့အညီ နှစ်သင်းလုံးရဲ့ ထိုးဖောက်မှုတွေက ပွဲကို မြိုင်ဆိုင်စေခဲ့တာလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းရဲ့ နောက်တန်းညံ့ဖျင်းမှုတွေက စပါးအသင်းရဲ့တိုက်စစ်ကို အလူးအလဲ ခံခဲ့ရတာလည်းဖြစ်ပါတယ်။ 

ပွဲစလို့ ၄ မိနစ်မှာပဲ စပါးအသင်းအဖွင့်ဂိုးစတင်ရရှိခဲ့ပြီး ဒီဂိုးကိုတော့ ဟာရီကိန်းက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၁၂ မိနစ်မှာ ဆွန်ယောင်မင်းက စပါးအသင်းအတွက် ဒုတိယမြောက်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ဆာလက်က ၂၄ မိနစ်မှာ လီဗာပူလ်းအသင်းအတွက် ချေပဂိုး တစ်ဂိုး ပြန်လည်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ပထမပိုင်းပြီးဆုံးခါနီးအချိန်မှာတော့ အလီ က စပါးအသင်းအတွက် တတိယမြောက်ဂိုးသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၅၆ မိနစ်မှာတော့ ဟာရီကိန်းက စပါးအသင်းအတွက် ၄ ဂိုးမြောက်ဂိုးကိုသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။