IS အဖွဲ့၏ တိုက်ခိုက်မည့်အစီအစဉ်ကြောင့် အယ်လ်ဘေးနီးယား-အစ္စရေးပွဲ ကွင်းပြောင်းလဲကျင်းပမည်

အယ်လ်ဘေးနီးယားဘောလုံးအဖွဲ့ချုပ်သည် IS အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မည့် အစီအစဉ်ကြောင့် နိုဝင်ဘာ ၁၂ ရက်တွင် ယှဉ်ပြိုင်ကစားရန်စီစဉ်ထားသည့် အယ်လဘေးနီးယား-အစ္စရေး ကမ႓ာ့ဖလားခြေစစ်ပွဲကို ကွင်းပြောင်းလဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မူလက ယင်းပွဲစဉ်ကို အယ်လ်ဘေးနီးယားနိုင်ငံ မြောက်ပိုင်းရှိ ရှာကိုဒရာမြို့၌ကျင်းပရန် စီစဉ်ထားသော်လည်း လုံခြုံရေးအခြေအနေကြောင့် နိုင်ငံအလယ်ပိုင်းရှိ အယ်လ်ဘာဆန်မြို့သို့ ပြောင်းလဲကျင်းပမည်ဖြစ်သည်။ အယ်လ်ဘေးနီးယားရဲတပ်ဖွဲ့က IS အကြမ်းဖက်သမားဟု ယူဆရသူလေးဦးကို နိုဝင်ဘာ ၅ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး ၄င်းတို့သည် စနေနေ့တွင်ကျင်းပမည့် ယင်းပွဲ မတိုင်မီနှင့် ပွဲကစားနေစဉ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။ အစ္စရေးဝန်ကြီးချုပ်ရုံးကလည်း IS အဖွဲ့နှင့် ဆက်စပ်မှုရှိသူများအား ဖမ်းဆီးရမိသော်လည်း လုံခြုံရေးအခြေအနေအရ ယင်းပွဲစဉ်အား သွားရောက်ကြည့်ရှုခြင်းမပြုရန် တိုက်တွန်းကြောင်း နိုဝင်ဘာ ၈ တွင်ထုတ်ပြန်ခဲ့သည်။

အစ္စရေးအသင်းသည် လုံခြုံရေးအခြေအနေအရ အယ်လ်ဘေးနီးယားသို့ ကိုယ်ပိုင်လုံခြုံရေးတပ်ဖွဲ့ဖြင့် သွားရောက်မည်ဖြစ်ပြီး ၄င်းတို့သည် ကမ႓ာ့ဖလားခြေစစ်ပွဲ အုပ်စု G ၌ပါဝင်နေပြီး နှစ်သင်းစလုံး သုံးပွဲကစား ခြောက်မှတ်စီရရှိထားသည်။

Source: International Sports News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။