မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ အီတလီစီးရီးအေပွဲစဉ်မှာ အူဒီနီးစ် အသင်းကို ဂျူဗင်တပ်အသင်းက ၆ ဂိုး ၂ ဂိုး နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းဟာ ပွဲစဉ် ၉ ကစားထားပြီးချိန်မှာ ရမှတ် ၂၂ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရှိနေတာလည်းဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းဟာ အဆင့် ၂ နေရာက အင်တာမီလန်အသင်းနဲ့ ၁ မှတ်ကွာဟနေပြီး အဆင့် ၁ နေရာက နာပိုလီအသင်းနဲ့ ၃ မှတ်ကွာဟနေတာလည်းဖြစ်ပါတယ်။

အူဒီနီးစ်အသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ မက်ဆီလိုပက်၊ ပါရီကာ၊ ဂျန့်တို၊ ဖော်ဖာနာ၊ ပေါလ်၊ ဟက်ဖရတ်ဆန် တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဟီဂူအင်၊ မန်ဇူကစ်၊ ဒီဘာလာ၊ ကွာဒရာဒို ၊ ခီဒီယာ ၊ ပီဂျာနစ် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။မန်ဇူကစ် နှစ်ဝါတစ်နီနဲ့ ထုတ်ခံခဲ့ရပေမဲ့လည်း ဂျူဗင်တပ်အသင်းတိုက်စစ်ဟာ ၆ ဂိုးထိ သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အဖွင့်ဂိုးကို ၈ မိနစ်မှာပဲ ပါရီကာ က အူဒီနီးစ် အသင်းအတွက် သွင်းယူပေးခဲ့တာဖြစ်ပါတယ်။၁၄ မိနစ်မှာ အူဒီနီးစ်အသင်းရဲ့ နောက်ခံကစားသမား ဆာမီရီ ကိုယ့်ဂိုးကိုသွင်းယူမိခဲ့တာကြောင့် ဂျူဗင်တပ်အသင်းချေပဂိုးရရှိခဲ့တာလည်းဖြစ်ပါတယ်။၂၁ မိနစ်မှာ ခီဒီယာ က ဂျူဗင်တပ်အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ဒုတိယပိုင်း ၄၈ မိနစ်မှာတော့ ဒန်နီလို က အူဒီနီးစ်အသင်းအတွက် ချေပဂိုး ပြန်လည်သွင်းယူပေးနိုင်ခဲ့ပါတယ်။၅၂ မိနစ်မှာ ရူဂါနီက ဂျူဗင်တပ်အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပြီး ဂျူဗင်တပ်အသင်းအတွက်လေးဂိုးမြောက်ဂိုးကိုတော့ ၅၉ မိနစ်မှာ ခီဒီယာ က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၈၇ မိနစ်မှာ ဂျူဗင်တပ်အသင်းအတွက် ခီဒီယာ ယာ က ၅ ဂိုးမြောက်ဂိုးကိုသွင်းယူပေးခဲ့ပြီး ဟတ်ထရစ်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ပွဲသိမ်းဂိုးကိုတော့ မိနစ်၉၀ မှာ ပီဂျာနစ်ကသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။