ကြမ္မာဆိုးဝင်တဲ့MNL-2ချန်ပီယံစီးတီးရန်ကုန်

Mangement ကောင်းကောင်း၊စပွန်ဆာကောင်းကောင်း

နဲ့ရပ်တည်နေသောစီးတီးရန်ကုန်အသင်းဖျက်သိမ်းတော့မည်။

စီးတီးရန်ကုန်ကMNL-2မှာဗိုလ်စွဲထားပြီးမဟာအသင်းနဲ့

အတူဒီနှစ်တန်းတက်ခွင့်ရသောအသင်းတစ်သင်း။

နည်းပြကယခုယူ-19နည်းပြဦးချစ်နိုင်ဖြစ်ပြီးကစားသမား

တွေကလည်းခြေစွမ်းခြေစကောင်းမွန်ကြသူသောသူများ။

နောက်နှစ်MNLတွင်ရန်ကုန်ဒါဘီမြင်ရတော့မည်ဟု

အားခဲထားပြီးမှယခုစီးတီးရန်ကုန်ဖျက်သိမ်းတော့မည်။

ရှင်နည်းရာအဂ္ဂလူထွက်ဆိုသလိုပင်မြန်မာနေရှင်နယ်လိဂ်မှ

အသင်းများတစ်သင်းပြီးတစ်သင်းပျယ်လွင့်ပျောက်ဆုံးနေတာ

မြန်မာ့ဘောလုံးလောကအတွကိမကောင်းပေ။မကြာသေးခင်ကနေပြည်တော်။GFAအသင်းကလည်း

ထွက်မည်တကဲကဲ။ယခုစီးတီးရန်ကုန်လုံးဝဖျက်သိမ်း

တော့မည်။စီးတီးရန်ကုန်အုပ်ချုပ်သူဦးကျော်ကျော်ဦးက

"ကျွန်တော်တို့အသင်းဖျက်သိမ်းဖို့စီစဉ်နေတာဟုတ်ပါတယ်။

ငွေကြေးအခက်အခဲ့ကြောင့်တော့မဟုတ်ပါဘူး"လို့ပြော

ပါတယ်။

ဒါဆိုဘာလို့လဲ။သူကဒီလိုဆက်ပြောပါတယ်။

"အသင်းပိုင်ရှင်နဲ့ဒါရိုက်တာအဖွဲ့ဝင်တွေကတူရကီ

နိုင်ငံသားတွေဖြစ်ပြီးတူရကီအစိုးရကBlack List ထဲထညိ့ပြီးဗီဇာသက်တမ်းမတိုးပေးတာကြောင့်

သူတို့အနေနဲ့ဆက်လုပ်ဖို့မဖြစ်နိုင်ဘူး"လို့ပြောပါတယ်။

ဘယ်ဘိုပဲဆိုဆိုပါ။ဘောလုံးအသငး်တွေဖျက်သိမ်းနေတာ

မြန်မာ့ပရိုဘောလုံးလောကအတွက်တကယ်ကိုရင်လေး

စရာပါပဲ။နာမကျန်းဖြစ်နေတဲ့နေရှင်နယ်လိဂ်ကြီးအမြန်ပြန်ကောင်းလာပါစေ။

source- city yangon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။