မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ အီဘာအသင်းကို ၃ ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရယူခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ ပွဲစဉ် ၉ ပွဲ ကစားထားပြီးချိန်မှာတော့ ရမှတ် ၂၀ နဲ့ အဆင့် ၃ နေရာမှာ ရှိနေတာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ အဆင့် ၂ နေရာက ဗလင်စီယာအသင်းနဲ့ ၁ မှတ်ကွာဟနေပြီး အဆင့် ၁ နေရာက ဘာစီလိုနာအသင်းနဲ့ ၅ မှတ်ကွာဟနေတာလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ အဆန်စီယို၊ စီရော်နယ်ဒို၊ မိုဒရစ်၊ စီဘယ်လော့၊ အစ္စကို တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အီဘာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ အင်ယု၊ ချားလက်၊ အက်စကာလက်တီ၊ ဂျော်ဒန်၊ ရီဗယ်ယား၊ ကာပါ တို့ကို ထည့်သွင်းကစားခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာနောက်ဆုံး ၆ ပွဲမှာ ၅ ပွဲထိ အနိုင်ရယူထားနိုင်တာလည်းဖြစ်ပါတယ်။

၁၈ မိနစ်မှာ အီဘာအသင်းရဲ့ နောက်တန်းကစားသမား အိုလီဗီရာ ကိုယ့်ဂိုးကို သွင်းယူမိခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်း အဖွင့်ဂိုးစတင်ရရှိခဲ့ပါတယ်။၂၈ မိနစ်မှာတော့ အဆန်စီယို က ရီးရဲလ်မက်ဒရစ် အသင်းအတွက် ဒုတိယအနိုင်ဂိုးကို သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပွဲသိမ်းဂိုးကို တော့ ၈၂ မိနစ်မှာ မာဆယ်လိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ယခုပွဲရဲ့အကောင်းဆုံးကစားသမားဆု Man Of The Match ကိုတော့ အစ္စကို ကရရှိခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။