မြန်မာပြည်သူအားလုံးလေးစားရတဲ့ ပရဟိတမင်းသားဝေဠုကျော်ကတော့ ပရဟိတ အလုပ်တင်မဟုတ်ပါဘူး ကြင်နာတတ်တဲ့ နုလုံးသားတစ်စုံကိုပိုင်ဆိုင်ထားတဲ့ ဝေဠုကျော်ကတော့ ကလေးတွေရဲ့ကစားဖော်အဖြစ်နဲ့လည်းတွေ့ရပြန်ပါပြီ။သူကတော့ ကိုယ်ချင်းစားတရာကို လက်ကိုင်ထားသူတစ်ယောက်ဆိုလည်းမမှားပါဘူး။

သူဟာတကယ်ကိုလေးစားစရာကောင်းတဲ့ ပရဟိတမင်းသားတစ်ယောက်ပါပဲ။သူ့ရဲ့ဖေ့ဘုတ်မှာတော့ “ကလေးတွေအတွက် အရုပ်လေးတွေဝေရင်း အတူလဲ ကစားပေးရင်းပေါ့။

ခါးသီးတဲ့အတွေ့အကြုံတွေ ကြုံခဲ့ရလို့ ဒုက္ခ တွေဝေခဲ့ရတဲ့ ကလေးများအတွက် ပျော်ရွှင်စေဖ်ုိ့အတွက်ပါ။ 

ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း ၊ထရိန် (မြို)ရွာ” လို့ရေးသားထားပါတယ်။စိတ်ရင်းစေတနာကောင်းတဲ့ မင်းသား ဒီထက်မက ပရဟိတအလုပ်တွေကိုလဲ လုပ်ကိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - wai ku kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။