အိမ်ပြန်လာတဲ့ကမ္ဘာ့ချန်ပီယံအောင်လ

One championship မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံ

အောင်လအန်ဆိုင်းဒီနေ့မနက်ကသူနေထိုင်ရာ

အမေရိကန်ပြည်ထောင်စုကနေပြန်ရောက်လာခဲ့ပါပြီ။

အောင်လဟာနိုဝင်ဘာသုံးရက်နေ့မှာကျင်းပပြုလုပ်မယ့်

One Hero's Dreamဆိုတဲ့ပြိုုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ဖို့

ရန်ကုန်ကိုပြန်လာခဲ့ခြင်းပါ။အောင်လဟာ

ရန်ကုနနှဲာအလိန်အန်ဂါလာနီနဲ့ထိုးသတ်မှာပါ။

ကစ်ဘောက်ဆင်ချန်ပီယံတစ်ဦးဖြစ်တဲ့ဂါလာနီနဲ့မြန်မာ

စပါးကြီးမြွေအောင်လရဲ့ပွဲဘယ်လိုတွေဖြစ်လာပါ့မလဲ။

အောင်လဟာရှရှားနိုင်းငံသားဘစ်ဒက်ကိုအနိုင်ယူပြီး

ချန်ပီယံဆုပူပူနွေးနွေးရယူထားသူပါ။အခုထိုးသတ်မယ့်

ပွဲကဘစ်ဒက်နဲ့တုန်းကလိုချန်ပီယံလုပွဲမဟုတ်ပေမယ့်

ပြိုင်ဘက်ရဲ့အနေအထားအရအောင်လခက်ခဲမယ့်ပွဲပါ။

The Panterလို့အမည်ရထားတဲ့ဂါလာနီဟာတုတ်ခိုင်

သန်မာတဲ့ခန္ဓာကိုယ်နဲ့လျင်မြန်တဲ့ခြေကန်ချက်တွေ

ပိုင်ဆိုင်သူပါ။အောင်လကတော့ဂျူဂျစ်ဆုနည်းစနစ်

နဲ့ပြိုင်ဘက်ကိုထွေးလုံးရစ်ပတ်ပြီးအနိုင်ယူတတ်သူပါ။

ကမ္ဘာ့ချန်ပီယံအနေနဲ့ပထမဆုံးထိုးသတ်တဲ့ပွဲမှာ

အောင်လဘယ်လိုရလဒ်တွေယူသွားမလဲ။

အောင်လရဲ့အိမ်အပြန်ဟာတကယ်ပဲခမ်းနားခဲ့ပါတယ်။

ကမ္ဘာ့ချန်ပီယံတစ်ဦးအဖြစ်ရင်ကော့ပြီးပြန်လာတဲ့သူ့ကို

ပရိသတ်တွေမနက်ကသွားရောက်ကြိုဆိုခဲ့ကြပါတယ်။

ပွဲနေ့မှာလည်းအောင်လကိုအသည်းပေါက်အောင်

အားပေးကြအုံးမယ်ဆိုတာသံသယရှိစရာမလိုပါဘူး။

အောင်လကလည်းသူ ့ကိုပရိသတ်ကြီး

လာအားပေးမှာကို မျေ ျာ်နေပါတယ်တဲ့၊

မြန်မာနိုင်ငံကိုယ်စားပြုကမ္ဘာ့ချန်ပီယံအောင်လ

ဒီတစ်ကြိမ်မှာရော....

Sourece-Myanmar Platform


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။