မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ပြင်သစ်လိဂ်ဂူးပွဲစဉ်မှာ မာဆေလ်းအသင်းနဲ့ PSG အသင်းတို့ဟာ တစ်ဖက် ၂ ဂိုး စီနဲ့ သရေကျခဲ့တာလည်းဖြစ်ပါတယ်။PSG အသင်းဟာ ပွဲစဉ် ၁၀ အပြီးမှာတော့ ရမှတ် ၂၆ မှတ်နဲ့ အဆင့် ၁ နေရာမှာ ဦးဆောင်နေဆဲလည်းဖြစ်ပါတယ်။PSG အသင်းဟာ ဒုတိယနေရာက မိုနာကိုအသင်းကို ၄ မှတ်ဖြတ်ထားနိုင်သေးတာလည်းဖြစ်ပါတယ်။မာဆေလ်းအသင်းကတော့ ရမှတ် ၁၈ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရှိနေတာလည်းဖြစ်ပါတယ်။

မာဆေလ်းအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ မီထရိုဂလူး၊ သာအူဗင်၊ ပါရက်စ်၊ အိုးကမ့်ပေါ့၊ ဂူစတာဗို၊ အမ်ဂွာဆာ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။PSG အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ အမ်ဘတ်ပီ၊ နေမာ၊ ကာဗာနီ၊ ဗာရက်တီ၊ သီယာဂိုမော်တာ၊ ရာဘီယော့ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။PSG အသင်းရဲ့ တိုက်စစ်မှုး နေမာကတော့ နှစ်ဝါတစ်နီ နဲ့ ထုတ်ပယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

မာဆေးလ်အသင်းက အဖွင့်ဂိုးစတင်ရရှိခဲ့ပြီး ဒီဂိုးကိုတော့ ၁၆ မိနစ်မှာ ဂူစတာဗိုကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၃၃ မိနစ်မှာ နေမာက PSG အသင်းအတွက် ချေပဂိုးကို ပြန်လည်သွင်းယူပေးခဲ့ပါတယ်။၇၈ မိနစ်မှာ မာဆေလ်းအသင်းဦးဆောင်ဂိုးပြန်လည်ရရှိခဲ့ပြီး ဒီဂိုးကိုတော့ သာအူဗင်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။၈၇ မိနစ်အရောက်မှာတော့ ကစားသမားချင်းအချင်းများခဲ့တာကြောင့် နေမာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။(၉၀+၃)မိနစ်မှာတော့ ကာဗာနီက ချေပဂိုးသွင်းယူပေးခဲ့တာကြောင့် သရေတစ်မှတ်စီခွဲယူခဲ့ကြတာလည်းဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။