လူမှုကွန်ရက်မှာ ပရိသတ်တွေကိုဖမ်းစားထားတဲ့ နိုင်ငံကျော်မင်းသားတွေထဲမှာ လူပျိုကြီးတွေရှိသလို အားကျစရာကောင်းတဲ့အိမ်ထောင်ရေးပိုင်ဆိုင်ထားတဲ့ ဆယ်လီတွေရှိကြပါတယ်။ အနုပညာရှင်နဲ့ ပတ်သက်ရင် သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ မိသားစုဘဝအကြောင်းလေးတွေကိုလည်း ပရိသတ်တွေက စိတ်ဝင်တစားအားပေးကြပါတယ်။

ရုပ်ရှင်နဲ့ဗွီဒီယိုသရုပ်ဆောင်တွေဖြစ်ကြတဲ့ နိုင်းနိုင်း မင်းမော်ကွန်း ၊လူမင်း ၊ ပြေတီဦး ၊ မြင့်မြတ် ၊နေမျိုးအောင် ၊ ကျော်ကျော်ဗိုလ် ၊ပိုင်ဇေရဲထွန်း နဲ့ ဖြိုးငွေစိုး တို့ဟာ အိမ်ထောင်ရက်သားကျပြီး သားသားမီးမီးလေးတွေနဲ့ မိသားစုဘဝကိုယ်စီ ဖြတ်သန်းနေကြတာဖြစ်ပါတယ်။

သူတို့တွေဟာ ရုပ်ရှင်ထဲမှာဘယ်လိုပဲသရုပ်ဆောင်ရပါစေ ပြင်ပဘဝမှာတော့ သူတို့ချစ်တဲ့ ဘဝလက်တွဲဖော်ကိုယ်စီနဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးတွေပိုင်ဆိုင်ထားကြပါတယ်။

အနုပညာရှင်တွေရွေးချယ်လိုက်တဲ့ ဘဝလက်တွဲဖော်ဆိုတာ ပရိသတ်တိုင်းစိတ်ဝင်စားကြတာမို့ ဒီနေ့မှာတော့ သူတို့တွေရဲ့ ချစ်ဇနီးချောလေးတွေရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ပရိသတ်များအားလုံး ကျေနပ်ပျော်ရွှင်မယ်လို့ မျှော်လင့်ပါတယ်။  

သားသမီးတွေအရွယ်ရောက်ပေမယ့် နုပျိုလန်းဆန်းနေသေးတဲ့ ပရိသတ်အချစ်တော်မင်းသားတွေလည်းပါ၀င်ကြသလို အိမ်ထောင်သက်တမ်းဘယ်လောက်မှမရှိသေးတဲ့ သားသမီးမရသေးတဲ့သူဆိုရင်တော့ မြင့်မြတ်တို့စုံတွဲလေးပါပဲ။

Photo -Cele's fb 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။