အနုပညာလုပ်ငန်းတွေခေတ္တခဏရပ်ဆိုင်းထားပြီးပရိသတ်တွေနဲ့အလှမ်းဝေးနေခဲ့တဲ့တိုင်းရင်းသူမင်းသမီးချောလေးခင်လေးနွယ်ပဲဖြစ်ပါတယ်။သူမရဲ့ချစ်စရာကောင်းတဲ့စကားသံဝဲဝဲလေးနဲ့ ချစ်စရာအပြုံးလေးတွေကိုပရိသတ်တွေချစ်ခင်အားပေးခဲ့ကြရမယ်ထင်ပါတယ်။အနုပညာလုပ်ငန်းတွေခတ္တရပ်ဆိုင်းထားပေမယ့်သူမရဲ့လူမှုကွန်ရက်ကနေတော့ပရိသတ်တွေနဲ့အဆက်မသွယ်မပြတ်ရှိနေခဲ့ပါတယ်။သူမရဲ့လူမှုကွန်ယက်ကနေချစ်စရာကောင်းတဲ့သူမရဲ့နေစဉ်ဘဝလှုပ်ရှားမှုပုံရိပ်လေးတွေကိုပရိသတ်ကြီးနဲ့အဆက်သွယ်မပြတ်မျှဝေလျက်ရှိပါတယ်။ 

တိုင်းရင်းသူမင်းသမီးချောလေးခင်လေးနွယ်ဟာအောက်တိုဘာ၂၂ရက်မနေ့ကဆိုင်ဖွင့်ပွဲလေးပြုလုပ်ခဲ့တဲ့ပရိသတ်အချစ်တော်မိသားစုလေးဖြစ်တဲ့ချစ်သုဝေနဲ့လင်လင်းတို့ရဲ့ကော်ဖီဆိုင်ဖွင့်ပွဲလေးကိုလဲသွားရောက်အားပေးခဲ့တယ်လို့သိရပါတယ်။ချစ်သုဝေနဲ့လင်လင်းတို့ရဲ့Soccer House Cafeဆိုင်လေးကိုလဲအောက်မြင်မှုတွေအများကြီးရပါစေဆိုလို့ဆုမွန်ကောင်းတောင်းပေးထားပါတယ်။အဲ့ဒီဆိုင်ဖွင့်ပွဲလေးကိုတက်ရောက်လာတဲ့တခြားအနုပညာရှင်ညီကိုမောင်နှမတွေနဲ့လဲအမှတ်တရဓာတ်ပုံလေးတွေရိုက်ကူးခဲ့ပြီးသူမရဲ့လူမှုကွန်ယက်ဖေ့ဘွတ်ကနေမျှဝေထားတာကိုလဲတွေ့ရပါတယ်။ 

လက်ရှိမှာတော့တိုင်းရင်းသူမင်းသမီးချောလေးခင်လေးနွယ်ဟာဓာတ်ပုံလေးတွေတော့ရိုက်ကူးဖြစ်နေတယ်လို့သိရပါတယ်။သရုပ်ဆောင်ခင်လေးနွယ်ရဲ့အနုပညာလုပ်ငန်းတွေပြန်လည်လုပ်ကိုင်ပြီးTVဖန်သားမှာပြန်လည်မြင်တွေ့ရဖို့လဲပရိသတ်တွေမျော်လင့်နေမယ်လို့ထင်ထင်ပါတယ်။နောက်ပိုင်းတော့အနုပညာလှုပ်ငန်းတွေကိုပြန်လည်လုပ်ကိုင်သွားဖို့ရှိပါတယ်လို့လဲပြောပါတယ်။ချစ်စရာမင်းသမီးချောလေးခင်လေးနွယ်ရဲ့ ကော်ဖီဆိုင်ဖွင့်ပွဲလေးမှာရိုက်ကူးထားတဲ့ချစ်စရာပုံရိပ်လေးတွေကိုလဲပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - ခင်လေးနွယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။