ယနေ့ အောက်တိုဘာ(၂၃)ရက်နေ့ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ မင်းသားချောလေး Seo In-Guk ရဲ့ မွေးနေ့ရက်လေး ဖြစ်ပါတယ်..။ Seo In-Guk ကို ၁၉၈၇ ခုနှစ် အောက်တိုဘာ(၂၃)ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ အူဆန်မြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်..။ ဒီနေ့မှာတော့ မင်းသားချော Soe In-Guk ဟာ အသက်(၃၀) ပြည့်သွားပြီ ဖြစ်ပါတယ်..။ Seo In-Guk ကို တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး အဆိုတော်တစ်ယောက်ဖြစ်သလို အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင် မင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်..။

အင်ဂုဟာ အသက်(၁၀)နှစ်အရွယ်ကတည်းက အနုပညာကို ဝါသနာပါခဲ့တာ ဖြစ်ပြီး အဆိုတော်ဖြစ်ဖို့ အိမ်မက်တွေ စခဲ့တာ ဖြစ်ပါတယ်..။ အနုပညာလောကထဲကိုတော့ 2009 ခုနှစ်မှာ အနုညာလောထဲကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်..။ 2009 ခုနှစ်မှာ Superstar K မှာ သီချင်းဆိုဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်..။ အဲ့ဒီပြိုင်ပွဲမှာပဲ Winner ဆုကို ရရှိပိုင်ဆိုင်ခဲ့ပြီး သူ့ကို အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိစေခဲ့တာ ဖြစ်ပါတယ်.။ ဒါပေမယ့် ဒီအောင်မြင်မှုဟာ လွယ်လွယ်နဲ့ ရခဲ့တာ မဟုတ်ပါဘူး..။ အကြိမ်ကြိမ် ငြင်းပယ်ခံခဲ့ရပြီး အခက်အခဲများစွာကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတာ ဖြစ်ပါတယ်..။

နောက်ပိုင်းမှာတော့ သူ့ရဲ့ ကြိုးစား အားထုတ်မှုတွေကြောင့် အသံကောင်းကောင်းနဲ့ သီချင်းတွေ သီဆိုခဲ့ရုံမက သရုပ်ဆောင် မင်းသားတစ်ယောက်ပါ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်..။ သရုပ်ဆောင်ပိုင်းမှာလည်း ဇာတ်ပို့ဇာတ်ရံ မင်းသား အဖြစ်သာမက အဓိက ဇာတ်ကောင် ခေါင်းဆောင်မင်းသားတစ်ယောက် အဖြစ်ပါ အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်..။ သူ့ရဲ့ အကောင်းဆုံး ကြိုးစားမှုတွေကြောင့် ပရိသတ်အားပေးမှုအခိုင်အမာ ရရှိလာပြီး Star တစ်ယောက် ဖြစ်လာစေခဲ့ပါတယ်..။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတော်တော်များများဟာလည်း အောင်မြင်တဲ့ ဇာတ်ကားတွေ ဖြစ်ခဲ့ပါတယ်..။ Seo In-Guk ဟာ သရုပ်ဆောင်ဆုများနဲ့ အခြား Music Awards ဆုများကိုလည်း ပိုင်ဆိုင်ထားတဲ့ အနုပညာထူးချွန်သူတစ်ယေညာက်လည်း ဖြစ်ပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။