မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ပြင်သစ်လိဂ်ဂူးပွဲစဉ်မှာ ထရိုင်းယက်အသင်းကို လိုင်ယွန်အအသင်းက ၅ ဂိုး ဂိုးမရှိနဲ့ အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။လိုင်ယွန်အသင်းဟာ ပွဲစဉ် ၁၀ ကစားထားပြီးချိန်မှာတော့ ရမှတ် ၁၉ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရှိနေတာလည်းဖြစ်ပါတယ်။အဆင့် ၁ က PSG အသင်းနဲ့ ၇ မှတ်ကွာဟနေတာလည်းဖြစ်ပါတယ်။

ထရိုင်းယက်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ပီလီ၊ ဂရမ်ဆာ၊ နီယာနီ၊ ဘယ်လူဂို့၊ ဒင်ဂိုမီ ၊ခါအိုရီ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။လိုင်ယွန်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ထရာအိုရီ၊ ဒီပေး၊ မာရီရာနို၊ အမ်ဒိုဘီလီ၊ ဟော့ဆန်၊ တော့ဆက် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။လိုင်ယွန်အသင်းအတွက် ဒီပေးဟာ ဒိနေ့ပွဲမှာ ဟတ်ထရစ် ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

လိုင်ယွန်အသင်းအတွက်အဖွင့်ဂိုးကိုတော့ ထရာအိုရီက ၂၁ မိနစ်မှာ သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။(၄၉ မိနစ်၊ ၆၅ မိနစ်၊ ၇၀ မိနစ်) တို့မှာ ဒီပေးက လိုင်ယွန်အသင်းအတွက် ၃ ဂိုး ဆက်တိုက်သွင်းယူပေးခဲ့တာဖြစ်ပြီး ဟတ်ထရစ်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။လိုင်ယွန်အသင်းအတွက် ပွဲသိမ်းဂိုးကိုတော့ မာရီရာနို က မိနစ် ၉၀ မှာ သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပွဲချိန် ၆၉ မိနစ်မှာ ထရိုင်းယက်အသင်းရဲ့နောက်တန်းကစားသမား ဟာရယ်လီ ဟာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။