ရုပ်ရှင်သရုပ်ဆောင် မင်းသားချော ဖြစ်တဲ့ အောင်ရဲလင်းဟာ သူ့ရဲ့ ဆရာဖြစ်သူ ဒါရိုက်တာ ကြည်ဖြူသျှင်ကို သွားရောက် ကန်တော့ခဲ့ပါတယ်..။ ပြီးခဲ့တဲ့ အောက်တိုဘာ(၂၂)ရက်နေ့က ဒါရိုက်တာ ကြည်ဖြူသျှင်ရဲ့ နေအိမ်မှာ သွားရောက်ကန်တော့ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်..။ တပည့်ဖြစ်သူ အောင်ရဲလင်း လာရောက်ကန်တော့အတွက် ဒါရိုက်တာ ကြည်ဖြူသျျှင်ကလည်း ဝမ်းသာပီတိ ဖြစ်လို့ နေပါတယ်..။ သူမတို့ရဲ့ ဆရာတပည့် သံယောဇဉ်နဲ့ တပည့်ဖြစ်သူ အောင်ရဲလင်းရဲ့ ကြိုးစားမှုတွေရဲ့ အောင်မြင်မှုတွေကိုလည်း အမြဲ ပီတိဖြစ်ရတယ်လို့ ဆိုပါတယ်..။

ဒါရိုက်တာ ကြည်ဖြူရှင်က သူအသုံးပြုတဲ့ fb စာမျက်နှာမှာ အောင်ရဲလင်းအတွက် အခုလို ဆုတောင်းစကားလေးတွေနဲ့ အတူ အခုလိုေ ပြာထားပါတယ်..။ ချစ်တပည့် "အောင်ရဲလင်း"…

ရဲ့ "သီတင်းကျွတ်ကန်တော့ပန်း..” ။

" ချစ်တပည့်ရေ နှစ်တွေဘယ်လောက်ကြာကြာ၊ မပြောင်းလဲတဲ့ ဆရာတပည့်သံယောဇဉ်နဲ့ အတူ ချစ်တပည့်ရဲ့ကြိုးစားမှူတွေနဲ့အောင်မြင်မှူတွေကို အမြဲပီတိဖြစ်ရပါတယ်...။” "ချစ်တပည့်စိတ်ချမ်းသာပါစေ. . . . ကိုယ်ကျန်းမာပါစေ. . . ကောင်းကျိုးလိုအင်ဆန္ဒတွေကို စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့်. . . ပျော်ရွှင်အောင်မြင်စွာ

ဆောင်ရွက်နိုင်ပါစေ" လို့ ရေးသားထားတာ တွေ့ရပါတယ်..။

မင်းသား အောင်ရဲလင်းဟာ မြန်မာနိုင်ငံရဲ့ သရုပ်ဆောင်ကြေးအမြင့်ဆုံး မင်းသားတွေထဲမှာလည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ်..။ ဗီဒီယို ဇာတ်ကားများမှာလည်း ပါဝင်သရုပ်ဆောင်ထား ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်..။ လတ်တလောမှာတော့ “ဇာတိမြေ” ဂျပန်-မြန်မာ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ကြညည်ဖြူသျှင်နဲ့ အတူ ရိုက်ကူး ပါဝင်သရုပ်ဆောင်ထားပါတယ်..။ အနပညာလှုပ်ရှားမှုတွေအနေနဲ့ကတော့ အခမ်းအနားပွဲများ တတ်ရောက်ခြင်းနှင့် ဇာတ်ကားများ ရိုက်ကူးနေပြီး ကြော်ငြာများလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။