ချစ်စရာကောင်းတဲ့ အမွှာလေးတွေ ဖြစ်ကြတဲ့ ခေတ်နဲ့ သစ်တို့ဟာ ငွေဆောင်ကမ်းခြေကို ရောက်ရှိနေပါတယ်..။ ဖေဖေလင်းလင်းနဲ့ မေမေချစ်သုဝေတို့နဲ့ အတူ မိသားစုလိုက် ငွေဆောင်ကို အပန်းဖြေရောက်ရှိနေတာ ဖြစ်ပါတယ်..။ မေမေ ချစ်သုဝေက ချစ်စရာကောင်းတဲ့ အမွှာလေးတွေရဲ့ ကမ်းခြေရောက် ဓာတ်ပုံတွေကို သူမရဲ့ fb စာမျက်နှာမှာ ဓာတ်ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်..။ ဓာတ်ပုံတွေထဲမှာတော့ ခေတ်နဲ့ သစ် တို့ဟာ ပြုံးရွှင်နေပြီး အရမ်းကို ပျော်ရွှင်နေကြပါတယ်..။

ခေတ်နဲ့ သစ် အမွှာလေးတွေကို ပြီးခဲ့တဲ့ January မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်..။ အခုဆိုရင် ချစ်စရာကောင်းတဲ့ ခေတ်နဲ့ သစ်ဟာ မေမေ ချစ်သုဝေနဲ့အတူ ကြော်ငြာတွေလည်း ရိုက်ကူးနေပြီ ဖြစ်ပါတယ်..။ တကယ်ကို ချစ်စရာကောင်းလွန်းတဲ့ မင်းသမီးလေးတွေပါပဲ..။ ခေတ် နဲ့ သစ် အမွှာလေးတွေဟာ ချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်တွေကပါ ချစ်ခင်အားပေးရတဲ့ ပရိသတ်အားပေးမှုကိုူလည်း အခိုင်အမာရရှိထားတဲ့ ပြည်သူချစ် အမွှာလေးတွေလည်းဆိုလည်း မမှားပါဘူး..။

တေးရေး အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ဟာ အောင်မြင်တဲ့ အနုပညာရှင်များ ဖြစ်ကြပြီး ခေတ်နဲ့ သစ် အမွှာလေးတွေနဲ့ အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးတွေကိုလည်း ပိုင်ဆိုင်ထားကြတာ ဖြစ်ပါတယ်..။ အဆိုတော်လင်းလင်းအနေနဲ့ အနုပညာလှုပ်ရှားမှုတွေကို သိပ်မတွေ့ရဘဲ စီးပွားရေးဘက်ကို အဓိက လုပ်ကိုင်နေတာ တွေ့ရပါတယ်..။ မင်းသမီး ချစ်သုေ၀ အနေနဲ့ကတော့ ကြောငြာများရိုက်ကူးနေပြီး ဇာတ်ကားတွေလည်း ပြန်လည်သရုပ်ဆောင် ရိုက်ကူးမှာ ဖြစ်ပါတယ်..။ အမွှာသမီးလေးတွေ ခေတ်နဲ့ သစ်တို့နဲ့လည်း ကြောငြာများရိုက်ကူးထားတာ တွေ့ရပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။