သရုပ်ဆောင် မော်ဒယ် မင်းသား ဥက္ကာမင်းမောင်ကတော့ သူ့ကို Troll ကြသူတွေကို အပြုံးမပျက် တုန့်ပြန်လိုက်ပါတယ်..။ လတ်တလော သူပါဝင်သရုပ်ဆောင်နေတဲ့ “မ ရဲ့ အေးခဲသွားကြသူများ” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေပြီး သူ့ရဲ့ အမိုက်စား body ကြောင့် အချို့ ဇာတ်ဝင်ခန်းတွေဟာ အရမ်းကို Sexy ကျတာနေခဲ့တာ တွေ့ရပါတယ်..။ အဲ့ဒီဇာတ်ဝင်ခန်းပုံတွေဟာ လတ်တလော လူမှုယက်မှာ ပြန့်နှံ့လာပြီး ပရိသတ်အချို့က ဝေဖန် Troll ခဲ့ကြတာ ဖြစ်ပါတယ်..။ သူ့ကို Troll ကြသူတွေကို အပြုံးမပျက် ပြန်လည် တုန့်ပြန်ခဲ့တာ တွေ့ရပါတယ်..။

ဥက္ကာမင်းမောင်က သူအသုံးပြုတဲ့ fb စာမျက်နှာမှာ Troll ထားတဲ့ ပုံတွေကို ပြန် Share ထားပြီး ကျေးဇူးတင်စကားကိုလည်း ဆိုထားပါတယ်..။ အောက်တိုဘာ(၂၂)ရက်နေ့မှာ သူ့ရဲ့ fb စာမျက်နှာမှာ အခုလိုရေးသားထားတာ တွေ့ရပါတယ်..။ “ခုရိုက်နေတဲ့ ရုပ်ရှင်က အကျႌဖိုးသက်သာထှာ... သရုပ်ဆောင်ရတဲ့ အခန်းတွေရဲ့ တဝက်လောက်က အကျႌကိုမပါတာ... ဟက်ဟက်ဟက်... ? ? ? ? ” လို့ Feeling ဗလာကျင်း” လို့ ရေးသားထားတာ ဖြစ်ပါတယ်..။ ပြီးခဲ့တဲ့ အောက်တိုဘာ(၂၁)ရက်နေ့ကလည်း သူ့ကို Troll ထားတာကို ပြန် Share ထားပုံတွေနဲ့ အတူ “မကြီးစန်းလဲ မနေရ .. ဟားဟား.. troll ကြသူများ ကျေးဇူးတင်ပါသည်.. #troll #မရဲ့အေးခဲသွားကြသူများ..” “ဒီလိုတွေ Troll ကြတာပေါ့..ဟားဟား..ရီရတယ်.. ? ? ? Troll ပုံတွေရှိရင် ပို့ပေးကြပါ..” လို့ ရေးသားထားတာ တွေ့ရပါတယ်..။

“ရိုက်ကူးလက်စ "မရဲ့အေးခဲသွားကြသူများ" ရုပ်ရှင်ဇာတ်ကားမှပုံရိပ်များ... Myanmar Celebrity မှာတင်ထားတဲ့ ကုတင်ပေါ်က ဇာတ်ဝင်ခန်းပုံတွေ ထွက်ပြီး ပွဲဆူ... ရုံတင်ရင် ဒီထက်ပို ပွဲဆူမယ်.. ဘာလဲဆိုတာတော့ လျှို့ဝှက်ချက်ပေါ့... ဟက်ဟက်ဟက်... ? ? ? ကြည့်ချင်ပြီလား..” ဆိုပြီးတော့လည်း ရေးသားထားတာ တွေ့ရပါတယ်..။ “မရဲ့အေးခဲသွားကြသူများ” ရုပ်ရှင်ဇာတ်ကားကြီးဟာ မင်းသား လေးယောက် ပါဝင်ပြီး မင်းသမီးယောက်တည်း ပါဝင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်..။ အဲ့ဒီ ရုပ်ရှင်ဇာတ်ကားမှာအောင်မင်းခန့်၊ ဥက္ကာမင်းမောင်၊ ထူးအောင်၊ ကောင်းစစ်သွေး နှင့် မင်းသမီး ချောကလျာတို့က ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်..။ ဥက္ကာမင်းမောင်ကတော့ ဗီလိန်ဇာတ်ကောင် မင်းသားအဖြစ် ပါဝင်သရုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်.။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။