အားပေးကြမ်းတဲ့မုံရွာ

အဝေးသင်ရာသီဆိုတော့စစ်ကိုင်းတိုင်ရဲ့မြို့တော်မုံရွာမှာ

ကျောင်းလာတက်ကြတဲ့ကျောင်းသားတွေပျားပန်းခပ်

လောက်အောင်ကိုများပြားနေပါတယ်။ကျောင်းသားရာသီမှာ

ထန်းသီးကြွေခိုက်ကျီးနင်းခိုက်ဆိုသလိုပဲSnareတို့ဟာ

မုံရွာမြို့မှာShowသွားဆိုမိပါတယ်။အောင်မြင်လိုက်တာများ

ဝက်ဝက်ကွဲပဲတဲ့။Snareနှစ်ယောက်ဖြစ်တဲ့ဖြိုးလေး၊နေဝင်း

အတွဲကတော့သူတို့ကိုလာအားပေးကြတဲ့ပရိသတ်ကြီး

ကိုအံ့အားသင့်နေပါတယ်။ကျေးဇူးလညိးတင်ပါတယ်တဲ့။

မနေ့ကနေ့လည်နှစ်နာရီမှာTea Master Championship ဆိုတဲ့Showပွဲတစ်ပွဲကိုပြည်သူ့ဘောလုံးအားကစားကွင်းမှာ

ပြုလုပ်ခဲ့ပါတယ်။ပါဝင်ကြသူတွေကတော့Snareနှစ်ယောက်၊

နာမည်ကြီးအဆိုတော်G-Fatt၊Myanmar Idolကဘီလီနဲ့

မန္တလေးကအဆိုတော်J-Fireတို့ပါပဲ။ပါဝင်တဲ့အဆိုတော်တွေ

အားလုံးကဒိတ်ဒိတ်ကြဲတွေကြီးပဲမို့လာတဲ့ပရိသတ်တွေကလည်းကြက်ပျံမကျပါပဲ။

ဖြိုးလေးတို့ရဲ့သူမနဲ့အိမိမက်သီဆိုချိန်မှာတော့အောက်ကလိုက်ဆိုကြတဲ့သီချင်းသံတွေကတစ်ကွင်းလုံးကိုဖုံးလွှမ်းသွားပါတော့တယ်

G -Fattတက်လာချိန်မှာလည်းအားပေးသံတွေ

ညံညံစီနေပြီးသူကတော့မိန်းကလေးပရိသတ်တွေပိုများတယ်လို့သိရပါတယ်။

နေဝင်းတို့အဖွဲ့ဟာဒီပွဲပြီးရင်တောင်ကြီးမှာဖြုတ်ကြဦးမှာပါ။

တောင်ကြီးတန်ဆောင်တိုင်မှာFrenzoတစ်ဖွဲ့လုံးပါကြမှာဖြစ်ပြီးစိုင်းစိုင်းအပါအဝင်ဘန်နီဖြိုး၊Snare၊

G -Fatt၊အမရာဖုန်းတို့ဖျော်ဖြေကြမှာပါ။လာမယ့်အောက်တိုဘာ

26ဆိုပွဲကစပါပြီ။ပွဲနာမည်ကTasaungdine Music

Festivalပါ။တောင်ကြီးကရောမုံရွာလိုပဲအားပေးကြမ်း

တဲ့မြို့ဖြစ်တာမို့....

Source-Phyo Lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။