ကိုကိုပုရိသတွေ တဖြုတ်ဖြုတ်ကြွေတဲ့ မအေးသောင်းကတော့ အပျိုကြီးဘဝကိုပဲ သဘောကျ နှစ်သက်ပါတယ်တဲ့။ အနုပညာလောကထဲမှာ အေးဝတ်ရည်သောင်းနာမည်နဲ့ စတင် ဝင်ရောက်ခဲ့ပြီး အနုပညာလုပ်ငန်းတွေလုပ်ခဲ့သူပေါ့။ အနုပညာလောကထဲက ခေတ္တ ပျောက်သွားပြီ ပြန်ပေါ်လာတဲ့အချိန်မှာလဲ ပုရိသတို့ပါးစပ်ဖျားမှာ အေးသောင်းဆိုပြီး စွဲနေစေအောင် နန်းဆန်ပြီးလှနေခဲ့သူပေါ့။

သူမကို အိမ်ထောင်မပြုသေးဘူးလား ဘယ်တော့အိမ်ထောင်ပြုမှာလဲလို့ မေးခွန်းတွေမေးကြသူတွေကို သူမပြောချင်တာလေးတွေကို Facebook မှာ Post အဖြစ်တင်လိုက်ပါတယ်။

ဘယ်အသက်က အမှန်တကယ်

အိမ်ထောင်ပြုကို ပြုရမဲ့ အရွယ်လဲ? လို့

သင့်ကိုမေးရင် သင်ကိုယ်တိုင်ဘယ်လိုဖြေမလဲ?

၂၀ ? ၂၅ ? ၃၀?

အကုန်လုံးမှာ တူညီတဲ့ အဖြေတစ်ခုရှိကြလား? ဆိုပြီး ပြန်လည်မေးခွန်းထုတ်ထားပါတယ်။

သူမအနေနဲ့က ၂၄ နှစ်မှာယောကျာ်းယူမယ်လို့ ၂၁ နှစ်အရွယ်တုန်းက စဉ်းစားခဲ့ပါတယ် တဲ့။ သို့ပေမယ့် ၂၄ နှစ်အရွယ်ကို ဘယ်လိုကျော်သွားမှန်းမသိလိုက်လောက်အောင် အလုပ်တွေကြိုးစားနေခဲ့လို့ အိမ်ထောင်ပြုဖို့ကိုမစဉ်းစားဖြစ်ခဲ့တာပါလို့ပြောထားပါတယ်။ သူမကသတိထားမိတဲ့အရွယ်မှာ သူမရဲ့အသက်က ၃၀ နားကပ်နေခဲ့ပြီး အခုဆိုရင်တော့ အသက်က ၃၃ နှစ်ရှိနေပါပြီတဲ့။ ဘယ်အရွယ်အိမ်ထောင်ပြုမလဲလို့စဉ်းစားရင်း တကယ်လို့ သူမကသာ ၂၄ နှစ်မှာယူမယ်လို့ဆုံးဖြတ်ပြီး ရရာယူမယ်ဆိုပြီးယူရင် အိမ်ထောင်ရေးမှာ မှားနိုင်ချေပိုများသွားနိုင်တယ်လို့ သူမရဲ့ Facebook စာမျက်နှာထက်မှာ ပြောခဲ့ပါသေးတယ်။

ဘဝမှာလူတိုင်းကိုယ်ကြိုတွေးထားတဲ့အတိုင်း ဖြစ်လာတဲ့ရာခိုင်နှုန်းနဲ့ ကိုယ်မထင်ထားတာ ဖြစ်လာတဲ့ ရာခိုင်နှုန်း ဘယ်ဟာပိုများလဲဆိုပြီး ပြန်လည်မေးခွန်းထုတ်ခဲ့ပါသေးတယ်။ သူမ အတွက်တော့ ထင်မထားတာတွေပဲ ဖြစ်လာတာများလို့ ခုနာမည်တောင် မထင်မှတ်ပဲ အလယ်နှစ်ဦးပြုတ်သွားပြီလို့ ခပ်နောက်နောက် ရေးသားထားပါသေးတယ်။ ခုလို တစ်ယောက်တည်းထိုင်ပြီး စားချင်တာစား တွေးချင်တာတွေး Facebook ပေါ်မှာ ရေးချင် တာရေးနေရတဲ့ အပျိုကြီးဘဝလေးကို နှစ်သက်မိသေးတယ်ရှင့်လို့ အိမ်ထောင်မပြုသေး ဘူးလား မေးနေတဲ့သူတွေအားလုံးကို သူမက ချစ်စဖွယ်ပြန်လည်ခွန်းတုံ့ပြန်ထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။