မြန်မာ့ ဇာတ်သဘင်အသိုင်းအဝိုင်းကြီးထဲကမျိုးစက်သစ်တစ်ဦးဖြစ်သလို ထိပ်တန်းမင်းသားစာရင်းဝင်တဲ့ သူဆိုရင်လည်း မမှားပါဘူး။

ပရိသတ်အခိုင်အမာရရှိထားတဲ့ ရုပ်ရှင်သရုပ်ဆောင် ကျော်ကျော်ဗိုလ် ဟာ ကျရာဇာတ်ရုပ်တိုင်းပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့အပြင် သူရိုက်ကူးခဲ့တဲ့ ဇာတ်ကားပေါင်းများစွာကလည်း လူကြိုက်များနေတာဖြစ်ပါတယ်။

အကယ်ဒမီမရသေးပေမယ့်လည်း ရုပ်ရှင်ဇာတ်ကားတွေဆက်တိုက်ရိုက်ကူးနေရတဲ့ ကျော်ကျော်ဗိုလ်မှာ အနယ်နယ်ရပ်ရပ်က ပရိသတ်တိုင်းရဲ့ အားပေးဝန်းရံမှုတွေကိုတော့ ရရှိထားပါတယ်။

လက်တလောမှာတော့ ကိုကြံ့တစ်ယောက် သူ့ရဲ့ ဖေ့ဘုတ်အကောင့်မှာ တော်တော်မျက်နှာများတဲ့ဘဲကွာ ဆိုတဲ့စာလေးရေးပြီး အနုပညာသက်တမ်းတလျှောက်ဖြတ်သန်းခဲ့ပုံတွေကို တင်ထားပါတယ်။

ကျော်ကျော်ဗိုလ်မှာ ကားရိုက်တွေဆက်နေသလို သူ့ရဲ့ဇနီးနဲ့ သမီးလေးနဲ့အတူ ပျော်ရွှင်တဲ့မိသားစုဘဝလေးပိုင်ဆိုင်ထားပါတယ်။

သူဟာ မကြာခဏဆိုသလို အနုပညာလှုပ်ရှားမှုပုံလေးတွေနဲ့ မိသားစုပုံလေးတွေကို အခုလို တင်လေ့ရှိပါတယ်။

Source : Kyaw Kyaw Bo fb 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။