ခံတွင်းနံ့ဆိုးတယ် ဆိုတာက တကယ့်ကို ရှက်စရာကောင်းတဲ့ ကိစ္စ တစ်ခုပါ။ ပတ်ဝန်းကျင်က အားနာလို့ မပြောတာ ဖြစ်နိုင်ပေမဲ့ ကို်ယ်တိုင်တော့ မကြာခဏ သတိထားကြည့်သင့်တဲ့ အရာတစ်ခုဆိုလည်း မမှားပါဘူး။ ဒီလို ခံတွင်းနံ့ ဆိုးခြင်းကို ပျောက်ကင်းနိုင်မဲ့ နည်းလမ်းများကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ ကို်ယ့်အတွက် အဆင်ပြေဆုံးဖြစ်မဲ့ နည်းလမ်းကို လုပ်ဆောင်နိုင်ပါတယ်။

နည်းလမ်း (၁) မုန့်ဖုတ်ဆိုဒါနှင့် ရေ အနည်းငယ် ရောစပ်ပြီးနောက် အစာစားပြီးတိုင်း ပလုပ်ကျင်းပါ။

နည်းလမ်း (၂) မုန့်ဖုတ်ဆိုဒါကို သွားတိုက်တံပေါ် တင်ပေးပြီးနောက် သွားနှင့် လျှာတို့ကို တိုက်ပေးပါ။

နည်းလမ်း (၃) သံပရာရည် (လက်ဖက်ရည်ဇွန်း တစ်နှင့် မုန့်ဖုတ်ဆိုဒါ ကို ရောသမအောင် မွှေပေးပြီးနောက်

ပလုတ်ကျင်းပါ။ ထိုနည်းအတိုင်း တစ်နေ့ နှစ်ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။

နည်းလမ်း (၄) ရေနွေး နွေးလေးနှင့် မုန့်ဖုတ်ဆိုဒါတို့ကို ဆတူ ရောစပ်ပြီးနောက် မကြာခဏ ပလုပ်ကျင်းပေးပါ။ ၃၀ စက္ကန့် (သို့မဟုတ်) တစ်မိနစ်ခန့် ငုံပေးပြီးမှ ထွေးထုတ်ပေးပါ။

နည်းလမ်း (၅) ပျားရည်၊ မုန့်ဖုတ်ဆိုဒါ နှင့် ရေနွေးတို့ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီ ရောစပ်ပြီး နေ့စဉ် သောက်ပေးပါ။ တစ်နေ့လျှင် နှစ်ကြိမ်မှ သုံးကြိမ်အထိ သောက်ပေးနိုင်ပါတယ်။ 

တစ်ချို့တွေကတော့ သွားကို သေသေချာချာ တိုက်ပေးရဲ့သားနဲ့ ခံတွင်းနံ့ ဆိုးရတာတွေလည်း ဖြစ်တတ်ပါတယ်။ ခံတွင်းန့ံဆိုးတဲ့ အကြောင်းအရင်းတွေကတော့ -

ခံတွင်းသန့်ရှင်းရေးပြုလုပ်မှုအားနည်းခြင်း

အစာမကြေခြင်း

သွားကျန်းမာရေးဆိုင်ရာ ပြဿနာ ဖြစ်နေခြင်း

အရက်သောက်ခြင်း

ဆေးလိပ်သောက်ခြင်း

သွားပိုးစားခြင်း

သောက်သုံးနေရသော ဆေးဝါးများကြောင့်ဖြစ်ခြင်း

လည်ကြောင်းပြဿနာကြောင့် ဖြစ်ခြင်း

အသည်းလုပ်ဆောင်မှုမကောင်းခြင်း

အိပ်ရေးပျက်ခြင်း

စိတ်ဖိစီးမှုများခြင်း

စတာတွေကြောင့် ဖြစ်တတ်တာမို့ ကိုယ်သာ ခံတွင်းနံ့ဆိုးနေပြီဆိုရင် ဒီအချက်တွေကို သတိထားပြီး ရှောင်ကြဉ်ပေးပါ။ လိုအပ်လျှင် ဆရာဝန်နှင့် ပြသ တိုင်ပင်ဖို့လည်း အကြံပေးပါရစေ …

အားလုံးပဲ ကျန်းမာရေး ှဗဟုသုတများ တိုးပွားပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ …

Source: YouTube 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။