အင်္ဂါနေ့ည ၁ နာရီ ၁၅ မိနစ်မှာ ယှဉ်ပြိုင်ကစားမဲ့ EFL Cup ပြိုင်ပွဲရဲ့ Round 4 မှာ အာဆင်နယ်အသင်းဟာ နော်ဝှစ်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ Round 3 မှာ ဒွန်ကတ်စတာအသင်းကို အနိုင်ယူပြီး ယခုအဆင့်ကို တတ်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။နော်ဝှစ်အသင်းကတော့ Round 3 မှာ ဘရန့်ဖို့စ် အသင်းကို အနိုင်ယူပြီး ယခုအဆင့်ကိုတတ်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့နောက်ဆုံးငါးပွဲမှာတော့ ၄ ပွဲနိုင် ၁ ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။နော်ဝှစ်အသင်းရဲ့ နောက်ဆုံးငါးပွဲမှာတော့ ၃ ပွဲနိုင် ၂ ပွဲသရေ ရလဒ်ကိုပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။နော်ဝှစ်အသင်းရဲ့နောက်ဆုံး ငါးပွဲမှာ ရံှူးပွဲမရရှိသေးတဲ့ ခံစစ်က အာဆင်နယ်အိမ်ကွင်းမှာ လာရောက်အစမ်းသပ်ခံရတော့မှာလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့လူငယ်ကစားသမားတွေဖြစ်တဲ့ ဝီရှိုင်းယား၊ ဝဲကော့၊ ဂျီရော့၊ နယ်ဆန်၊ ဝဲလ်လော့၊ ကိုကွီလင်၊ နေလ်း တို့ကို နေရာပေးသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။နော်ဝှစ်အသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ အိုလီဗီရာ ၊ ဗရန်ဆစ်၊ ကန့်ဝဲလ်၊ ဝိုက်ရှက်၊ စထရစ်ပါမန်း၊ ဟူလာဟန် တို့ကို ထည့်သွင်းအသုံးပြုသွားခဲ့တာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းအတွက်နောက်တဆင့်တက်ရောက်ဖို့ နော်ဝှစ်အသင်းဟာ ခက်ခဲတဲ့ပြိုင်ဘက်မဟုတ်ပေမဲ့ နောက်ပိုင်းပွဲတွေမှာ ရှုံးပွဲမရှိအောင်ကစားထားတဲ့ နော်ဝှစ်အသင်းဟာ အမှတ်မထင်ထားတာတွေလုပ်ပြသွားနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမယ်ဗျာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။