တကယ်တော့ ခြင်တွေက မိုးရာသီမှာ ပိုများပေမဲ့ ရာသီဥတုမရွေး ရှိနေတတ်တယ်ဆိုရင် မမှားပါဘူး။ ခြင်အကိုက်ခံရတဲ့အခါ အနီရောင် အဖုလေး ထပြီး ယားသလို၊ ခြင်ရှိနေတဲ့ အချိန် အနားမှာ တဝီဝီ လုပ်နေရင်လည်း စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ခြင်တွေ ရန်က ကင်းဝေးအောင်လို့ အများစုကတော့ ခြေဆေးခွေ၊ ခြင်နိုင်ဆေးရည် နဲ့ ခြင်ထောင်တွေကို အသုံးပြုတတ်ကြပါတယ်။ အခုနောက်ပိုင်းမှာ ဆိုရင် ခြင်မကိုက်တဲ့ ဆေးရည်တို့ lotion တို့တောင် အသုံးပြုနေကြပါပြီ။ ဒီလိုနည်းလမ်းတွေက အနည်းနဲ့ အများ ဓာတုပစ္စည်းတွေ ပါ၀င်တာကြောင့် နှစ်ရှည်လများ အသုံးပြုတဲ့အခါ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ 

ဒီတစ်ခါဖော်ပြမဲ့ အကြောင်းအရာလေးကတော့ ကော်ဖီမှုန့်ကို အသုံးပြုပြီး ခြင်ပြေးစေနိုင်မဲ့ နည်းလမ်းလေးဖြစ်တာမို့ ဘေးဥပါဒ်လည်း ကင်းပါတယ်။

ခြောက်သွေ့နေသော ကော်ဖီမှုန့် စစ်စစ်တွေကို အပူခံသော ပန်းကန်ပြား (သို့မဟုတ်) သံပြားပေါ်သို့ တင်ပြီး အလယ်ကနေ မီးရှို့လိုက်ပါ။ ထွက်လာသော မီးခိုးငွေ့တွေကြောင့် ခြင်တွေ ပြေးကုန်ပါလိမ့်မယ်။ မီးခိုးနံ့က နည်းနည်းပြင်းပေမဲ့ ဓာတုပစ္စည်း မပါ၀င်တာကြောင့် ဓာတ်မတည့်တာမျိုး မဖြစ်နိုင်ပါဘူး။ 

ခြင်ဆေးခွေ၊ ခြင်ဆေးဖျန်းရည်တွေကြောင့် ချောင်းဆိုး၊ နှာစေး၊ ခေါင်းကိုက်တာတွေမှလည်း ကင်းဝေးမှာ ဖြစ်ပါတယ်။ ဒီလို သဘာဝနည်းနဲ့ ခြင်တွေကို ပထုတ်နိုင်တယ် ဆိုတာ သင့်သူငယ်ချင်းတွေကိုလည်း မျှဝေပေးလိုက်ပါဦးနော် <3 <3 <3

Source: YouTube 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။